Twitter Delicious Facebook Digg Stumbleupon Favorites More

11/12/12

jacket photo with photoshop(အနောက်တိုင်းဝတ်စုံများ)


မင်္ဂလာပါဗျာဒီနေ့တော့ Photo Shop ကို

ကလိချင်တဲ့ သူငယ်ချင်းများ

အနောက်တိုင်းဝတ်စုံများ ထည့်လိုလျှင်

Photo Shop နဲ့ ဖြတ်ညှပ်ပြီး

အစားထိုးလို့ရပါတယ်ဗျာ လိုအပ်

အောက်မှာ ဒေါင်းလိုက်ပါဗျာ

File Size ကတော့ (10.79MB)
 

Download>>>Files.com (or) sendspace.com

 

11/11/12

CCleaner v3.23.1823 နှင့် CCleaner (အသုံးပြုပုံ)

မောက်မောက်လေး

မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာတိုင်းမှာ

ဆောင်ထားသင့်သည့် Software လေးပါဗျာ

ဘာဖြစ်လို့ ဆောင်ထားသင့်လည်းဆိုတော့

မိမိကွန်ပျူတာမှာ အမှိုက်တွေ များတဲ့အခါမှာ

ဒီ CCleaner ဆော့ဝဲလ်နဲ့ အမှိုက်တွေကို

ရှင်းထုတ်လို့ရပါတယ်ဗျာ

 Portable ကတော့ ရှင်းပါတယ်

 Click နှစ်ချက်နှိပ်ပေးပြီး ဒါတိုက်သုံးလို့ရပါပြီ

Key အတွက် ခေါင်းမစားရတော့သလို

 Install လဲလုပ်စရာမလိုပါဘူး

FileSize-(3.79MB)

 
 

ပုံတွင်ပြထားသည့်အတိုင်း

CCleaner ကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့်အတိုင်း

Analyze ကိုနှိပ်လိုက်ရင် အပေါ်မှာ

ရာနှုန်းပြေးနေလိမ့်မယ်

မိမိစစ်နေတဲ့ အမှိုက်များ မကုန်မချင် စစ်ပေးနေပါဗျာ

ပြီးရင် အောက်ကပုံကို ဆက်ကြည့်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း

Run CCleaner ကို တစ်ချက်နှိပ်ရင်

ပုံမှာပြထားသည့် ဘောက်လေးပေါ်လာရင်

Ok ပေးလိုက်ပါဗျာ

ဒါဆို ရာနှုန်းပြေးနေလိမ့်မည်

အောက်ကပုံကို ဆက်လက်ကြည့်ပါဗျာ

ပုံတွင်ပြထားသည့် အတိုင်း

နံပတ် အစဉ်လိုက်နှိပ်ပြီးတော့

လုပ်ဆောင်လိုက်ရင် မိမိစက်ထဲမှာရှိတဲ့

အမှိုက်တွေအကုန်လုံး ရှင်းသွားပါလိမ့်မည်ဗျာ

အားလုံးအဆင်ပြေပါစေနော်

မောက်မောက်လေး


ကွန်ပျူတာအတွင်း Folder တည်ဆောက်ခြင်း

 

မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာ

အသုံးပြုသူတိုင်း လူတိုင်းသိကြတဲ့

မိမိကွန်ပျူတာ အတွင်း New Folder တည်ဆောက်

ခြင်းပဲဖြစ်ပါတယ်

ဒီကွန်ပျူတာ အခြေခံ နည်းပညာကို

ကလေးကအစ သိကြပါတယ်

ဒါပေမဲ့ ကျွန်တော်လည်း ပျင်းတာနဲ့

ဘာတင်ရမှန်း မသိလို့ အလွယ်နည်းပဲ

Folder တည်ဆောက်ခြင်းကို

တင်ဖြစ်သွားတာပါ

အပေါ်က ပုံတွင်ပြထားအတိုင်း

မိမိကွန်ပျူရဲ့ လွှတ်နေသည့်နေရာကို

Right Click ထောက်ပြီး New ဆိုတဲ့

နေရာကို mouse ဖြင့် ထောက်ပြီး

Folder ကို နှိပ်လိုက်ရင်

ရပါပြီးပေါ့ဗျာ မိမိကွန်ပျူတာ

New Folder ဆိုပြီး သွားပေါ်လိမ့်မည်

 

11/10/12

Computer Lessons For High School Vol-1 By U Zaw Lin

မင်္ဂပါဗျာ ဒီနေ့တော့ ဆရာကြီးဦးဇော်လင်း

ရေးသည့် ကွန်ပျူတာ အထက်တန်း အတွဲ ၁

စာအုပ်ကို ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ

ကျွန်ပျူတာ အထက်တန်း အတွဲ ၁

ဆိုပေမဲ့ ဘယ်သူမဆို

ကိုယ်နှင့်ကိုက်ညီရင် ဖတ်ရှုလို့ရပါတယ်ဗျာ

ကျွန်တော်တောင် နည်းနည်း လန့်သွားတယ်

ဘာဖြစ်လို့လဲဆိုတော့

ကွန်ပျူတာ အထက်တန်း ဆိုပေမဲ့

ရေးသားထားတာက

အရမ်းကောင်းလို့ပါ ဒါတောင်မှာ ကျွန်တော်

နည်းနည်းလေးပဲ ဖတ်ရသေးပါတယ်

ကြိုက်ကြရင်တော့

အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ

File Size_(13.14MB)


Google Earth 7

မင်္ဂလာပါဗျာ ဒီနေ့တော့ Google Earth 7 နဲ့
မြေပုံတွေ မိမိနိုင်ငံရဲ့ နေရာဒေသတွေကို 
ကြည့်ချင်တဲ့ သူငယ်ချင်းတွေ အတွက် 
အသုံးဝင်မယ်ထင်လို့ ပြန်လည်
တင်ပေးထားပါတယ်ဗျာ 
ဒါကတော့ နောက်ဆုံးထွက် ဗားရှင်းပါဗျာ
အရင် ဗားရှင်းတွေထက် ပိုကောင်းတယ်လို့
သိရပါတယ်ဗျာ
ဓါတ်ပုံတွေ မိမိကြည့်ချင်တဲ့
မြင်ကွင်းတွေ အရင် ဗားရှင်းထက်
ကြည့်လို့ပိုကောင်းပါတယ်
လိုအပ်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါဗျာ
File Size ကတော့ (23.29MB)

3D maker ဆော့ဝဲလ်နှင့် (3D စာလုံးပြုလုပ်နည်း)


မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးလုပ်နည်းကို

ရှင်းပြသွားမှာပါဗျာ ဒီနည်းကို အစတုန်းက ကျွန်တော်

လည်း လုပ်မတတ်ခဲ့ပါဘူး

ကိုလွင်မင်းဗိုလ်ဆိုဒ်ကို သွားလည်ရင်နဲ့

သဘောကျလို့ ကိုလွင်မင်းဗိုလ်ကို

အကူအညီလေး တောင်းပြီး

ကိုလွင်မင်းဗိုလ် ပြောပြလို့ ကျွန်တော် အခုလို့မျိုး

မျှဝေနိုင်တာပါဗျာ

ဒီနေရာကနေ ကျွန်တော်ရဲ့ ဆရာအားလုံးကို

ဦးညွှတ်လေးစားလျှက်ပါဗျာ

3D maker ဆော့ဝဲလ်ကိုတော့

အောက်မှာ ဒေါင်းလိုက်ပါဗျာ

FileSize-(20.15)

ဆော့ဝဲလ်ထဲမှာ 3D စာလုံး လုပ်နည်း

ဓါတ်ပုံပါတစ်ခါထဲ ထည့်ပေးထားပါတယ်ဗျာ

Online နေ မဟုတ်လည်း

Offline ကနေလည်း ပုံကို ကြည့်ပြီး

လိုက်လုပ်ကြည့်လို့ရပါတယ်ဗျာ


Download>>> Ziddu.com (or) Files.com 


Video ဖိုင်နဲ့ပါ ကြည့်လို့ရပါတယ်နော်


အရင်ဆုံး 3D maker ဆော့ဝဲလ်ကို ဖွင့်လိုက်ပါဗျာ

ပြီးရင် ပုံတွင်ပြထားသည့် အတိုင်း ပေါ်လာရင်

ဆော့ဝဲလ်ရဲ့ အပေါ် ညာဘက်ခြမ်းက

File ကို mouse နဲ့ ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ

ပြထားသည့် ပုံအတိုင်းပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

အကွက်တုံးကြီးနဲ့ ဝိုင်းပြထားသည့်နေရာမှာ

မိမိစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဗျာ

ကျွန်တော်က နံပတ် 3 ပြထားသည့်

အကွက်တုံးလေးကို ရွေးချယ်ထားပါတယ်

မိမိရွေးချယ်ထားသည့်

ကောင်ကို mouse ဖြင့် ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ ပြထားသည့်

ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 5 နဲ့ ပြထားသည့် ဘောက်ကလေး

ပေါ်လာရင် Yes ကို ရွေးချယ်ပေးပါဗျာ

ဒါဆို အောက်ကပုံအတိုင်း ပေါ်လာလိမ့်မည်


Yes ကို ရွေးချယ်လိုက်သည့် အတွက်

အပေါ်က ပုံတွင်ပြသည့် အတိုင်း မဟုတ်တော့ပဲ

အခုလို့မျိုး X3D ဆိုပြီး စာလုံးအကြီးနဲ့

ပြောင်းသွားလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

နံပတ် 6 နေရာကို ကြည့်လိုက်ပါ

Aa ဆိုတဲ့ စာလုံးကို နှိပ်လိုက်ရင်

ပုံတွင်ပြထားသည့်

နံပတ် 7 နံပတ် 8 ဆိုပြီး ဘောက်လေး

တစ်ခုပေါ်လာလိမ့်မယ်ဗျာ

နံပတ် 7 နေရာမှာက မိမိစိတ်ကြိုက်

စားလုံး Design တွေ ပြောင်းလို့ရပါတယ်ဗျာ

အကယ်လို့ မြန်မာ Design Font

 ထည့်ထားမယ်ဆိုလည်း

ပြောင်းသုံးလို့ရပါတယ်ဗျာ

နံပတ် 8 နေရာမှာက X3D စာလုံးအကြီးတွေကို

နုတ်ပစ်လိုက်ပါဗျာ

အောက်ကပုံကို ဆက်ကြည့်သွားပါဗျာ


ပုံတွင်ပြထားအတိုင်း

နံပတ် 9 နေရာမှာတော့

ကျွန်တော်က မြန်မာ

Design Font ပြောင်းထားပါတယ်ဗျာ

နံပတ် 10 မှာက ခဏတုန်းက ဖြတ်လိုက်သည့်

နေရာမှာမိမိစိတ်ကြိုက်စာလုံးရေးလို့ရပါတယ်ဗျာ

ကျွန်တော်က မောက်မောက်လေး

 အထွေထွေ(နည်းပညာ)

လို့ရေးထားပါတယ်ဗျာ ရေးပြီးရင် Ok ကို

နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်


ပုံတွင်ပြထားသည့် အတိုင်း အခုလိုမျိုးပေါ်လာလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော်တို့ လုပ်တဲ့ 3D စာလုံး အလွယ်နည်းနဲ့

လုပ်လို့ပြီးပါပြီးဗျာ

ဒါပေမဲ့ မသိမ်းရသေးပါဘူး

သိမ်းဖို့အတွက် အောက်ကပုံကို 

ဆက်ကြည့်လိုက်ပါဗျာ

ပုံတွင် ပြထားသည့် အတိုင်း

File ကို mouse ဖြင့် ထောက်ပြီး

နံပတ် 13 နေရာကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 14 နေရာမှာက

မိမိသိမ်းချင်သည့်နေရာပါ

ကျွန်တော် အလွယ်နည်းနဲ့ Desktop မှာပဲ

သိမ်းလိုက်ပါတယ်

နံပတ် 15 နေရာမှာတော့

မိမိစိတ်ကြိုက်အမည်ပေး

လို့ရပါတယ်ဗျာ

ပြီးရင် နံပတ် 16 နေရာမှာ Save နဲ့

သိမ်းလိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

Width နေရာမှာက ပုံရဲ့ အလျားကို

 မိမိစိတ်ကြိုက်ချိန်းလို့ရပါတယ်ဗျာ

Height နေရာမှာတော့ မိမိစိတ်ကြိုက်

ပုံရဲ့အနံကို ချိန်းလို့ရပါတယ်ဗျာ

ပြီးရင် Save သိမ်းလိုက်ရင်

မိမိသိမ်းထားသည့် နေရာကို

ရောက်သွားလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော် ပြုလုပ်ထားသည့်

3D စာလုံး အောက်မှာ ရပါပြီးဗျာ

ဆရာ အားလုံးလေးစားလျှက် မောက်မောက်လေး






11/7/12

Screen Saver သတ်မှတ်ခြင်း

Preview
 

မင်္ဂလာပါဗျာ ဒီနေ့တော့ အခုမှ ကွန်ပျူတာ စကိုင်တဲ့

သူတွေအတွက် ကွန်ပျူတာအခြေခံ

နည်းပညာလေး တစ်ခု တင်ပြချင်ပါတယ်ဗျာ

အဲဒါက ဘာလဲဆိုတော့

Screen Saver သတ်မှတ်ခြင်းပါပဲဗျာ

ကဲ ပုံတွင်ပြထားသည့်အတိုင်း

လိုက်လုပ်ကြည့်ကြရအောင်

ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ

လွှတ်နေတဲ့နေရာကို Right Click နှိပ်ပြီး

Personalize ကိုနှိပ်လိုက်ပါဗျာ

 
 Preview
 

ပုံတွင်ပြထားသည့်အတိုင်း

လေးထောက်တုံးနဲ့ ဝိုင်းထားသော

Screen Saver None ကို

နှိပ်လိုက်ရင် အောက်က ပုံအတိုင်း

ပေါ်လာမယ်ဖြစ်ပါတယ်

 
Preview
 

(None) ကိုနှိပ်လိုက်ရင်

ပုံတွင်ပြထားသည့်အတိုင်း ကြိုက်တာရွေးပါဗျာ

ဆိုပြီး မြားထိုးပြထားသည့် အကွက်ထဲက

စာကြောင်းတွေ ကျလာလိမ့်မယ်

ကျွန်တော်က 3D Tex ကို ရွေးချယ်ထားပါတယ်

ကိုယ်လိုချင်တဲ့ မီနစ်ကို ကြိုက်သလို

ချိန်းထားလို့ ရပါတယ်ဗျာ

မီနစ်ရွေးချယ်ပြီးရင်

Apply ကိုနှိပ်ပြီး Ok ပေးလိုက်ရင်

ရပါပြီးဗျာ

အဲဒါဆိုရင် ကွန်ပျူတာ မနှိပ်ပဲပစ်ထားရင်

ကိုယ်ချိန်းထားသည့် မီနစ်ပေါ်မူတည်ပြီး

Screen Saver ပုံလေးဟာ လှုပ်ရှားနေလိမ့်မည်

 
Preview


11/6/12

ကိုလွင်မင်းဗိုလ်၏ Bolgger တွေကို ပြောချင်သည့်စကား


Preview
 

မင်္ဂလာပါ ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့

Bolgger ညီအကိုတွေ ဖြစ်ကြတဲ့

ကိုလွင်မင်းဗိုလ်၏ Bolgger တွေကို

ပြောချင်သည့်စကားကို

ကျွန်တော်တင်ပြပါရစေလို့

ဒီနေရာကနေ ခွင့်တောင်းလိုက်ပါဗျာ

မေး မောက်မောက်လေး လွင်မင်းဗိုလ်(နည်းပညာ)

Button လေး လုပ်နည်း သိချင်ပါတယ်ဗျာ

ဖြေ ကျွန်တော်ဆိုဒ်ရဲ့ CBox မှာ ဖြေပေးခြင်းဖြစ်တယ်

အလည်ရောက်ခဲ့ပါတယ်ဗျာ

Button လေးတွေကို 3D maker ဆော့လ်နဲ့

လုပ်ပါတယ်

မှတ်ချက် ကိုလွင်မင်းဗိုလ်ဆိုဒ်မှာ ပြန်ပြော

ခြင်းဖြစ်ပါတယ်ဗျာ

ကျေးဇူးပဲ ကိုလွင်ရေ Button လေး လုပ်လို့ရပြီးဗျာ

လေးစားပါတယ်ဗျာ

လွင်မင်းဗိုလ် သူငယ်ချင်းလို တခွန်းပြောလိုက်တာနဲ့

နားလည်ပြီးလုပ်တတ်တဲ့

Bolgger တွေရှိရင် ကျနော့်အတွက်အရမ်းကောင်းမယ်

အခုတော့ ကျနော့်ဆီမှာလာမေးကြတဲ့ တချို့ Bolgger

အမျိုးစုဟာ ခရေစေ့တွင်းကျ လုပ်ပြပေးမှ

လုပ်တတ်ကြတယ် အဲ့လိုမျိုးတွေများတယ်

များလာတော့ ကျနော့်လည်း မောရပါတယ်

Bolgger အားလုံးအတွက် အဆင်ပြေအောင်

ဒီလိုလုပ်နည်းတွေ အားလုံးကို မကြာခင် ကျနော့်

ပိုစ့်တင်မှာပါ တချို့က မစောင့်ချင်ကြဘူးဗျာ

ချက်ချင်းဆိုချက်ချင်းပဲ Bolgger မဟုတ်တဲ့ လေ့လာ

သူတွေအတွက် ကျနော့် တင်ပေးချင်တာ

အများကြီးရှိပါတယ်

သဘောက အလှည့်ကြဆိုတာကို သိပ်နားမလည်ကြဘူး

တစ်ချိန်လုံး လာတောင်းနေကြတော့တာပဲ

Google မှာ စာရိုက်ပြီး ရှာလိုက်ရင်

ဒီလိုလုပ်နည်းတွေ အများကြီးရှိတယ်

အဲ့လိုကြတော့လည်း မရှာချင်ကြဘူး

မြန်မာ Bolgger တွေကို ကျနော့် စမ်းချင်တာလည်း

ပါလို့ ကျနော့် တင်ပေးမည်အချိန်ကို ဘယ်လောက်ထိ သည်ခံ

စောင့်ကြလဲဆိုတာပါ တချို့ဆို

စိတ်တောင်ဆိုးသွားကြသေးတယ်

မဆဲယုံတမင်ပဲ KP3 ကယူထားပါတယ်

ShotoShop နဲ့ လုပ်ထားပါတယ်

Animation တွေကို  ဒီလို့ ဖြေပေးခဲ့လည်း

တောင်းမြဲပဲ ကျနော့် ပိုစ့်တင်ပေးတာကို

တယောက်ပြီးတစ်ယောက်တောင်းနေကြတယ်

ဒီ 3D maker ဆော့ဝဲလ်ကို ကျနော့် Bolg စလုပ်ပြီး

မကြာချင်ကတည်းက ကျနော့် Bolg မှာ

တင်ပေးထားတာ ကြာလှပြီး ရှာမှာမရှာကြပဲ

စမ်းလည်း သုံးမကြည့်ကြဘူး

ဒီနေ့တော့ တခွန်းပြောလိုက်တာနဲ့

လုပ်တတ်တဲ့ ညီလေး မောက်မောက်နဲ့ တွေ့မှပဲ

Bolgger တွေကို ပြောချင်တဲ့စကားတွေ ပြောထွက်

တော့တယ် သူငယ်ချင်း လတ်မြင်ပါပေတယ်

ဒါကြောင့်လည်း အချိန်အတိုတိုအတွင်း

မြန်မြန်လုပ်တတ်တာ နောက်တစ်ခုက လှုပ်းရွလည်ပတ်

Animation တွေများလွန်းရင် လာလည်တဲ့သူတွေကို

ခေါင်းမူးစေတတ်ပါတယ် အရမ်းများနေလို့

နည်းနည်းလောက် ပြန်ရှော့ထားဖို့

အကြံပေးချင်ပါတယ်

ပြောချင်တာတွေ ပြောပြီးသွားလို့ ပြန်လိုက်အုန်းမယ်

နောက်လည်း မကြာမကြာ လာလည်ပါလို့

ဖိတ်ခေါ်ပါတယ်ဗျာ ခင်တတ်တဲ့သူငယ်ချင်း

 


11/5/12

ဓါတ်ပုံပြင်လို့ကောင်းတဲ့ Shoto Scape

 
Preview
 

မင်္ဂလာပါဗျာ ဒီတစ်ခါတော့ ဓါတ်ပုံတွေကို

ဟိုကလိချင် ဒီကလိချင်သူတွေအတွက် ဓါတ်ပုံတွေကို

ပြင်လို့ကောင်းသည့် Shoto Scape ကို ပြန်လည် တင်ပေး

လိုက်ပါဗျာ Shoto Scape ရဲ့ အသုံးဝင်ပုံက

တော်တော်များပါတယ် ကျွန်တော် အနစ်ချူပ်

ပြောရမယ်ဆိုရင် shoto Scape ရဲ့

အားသာချက်ကတော့

ဓါတ်ပုံတွေကို ဆံပင်တုတို့ ဘာတို့

ပြောင်းလို့ရပါတယ်

နောက်ပြီးတော့ Bolgger သမားတွေလည်း

အတော်ကို အသုံးကောင်းပါတယ်

ဘာဖြစ်လို့လည်းဆိုတော့

ဥပမာ- ပုံနှင့်တကွ

ရှင်းပြချင်ရင် ပုံကိုဖြတ်တောက်တာတို့

ကိုယ်ဝိုင်းချင်တယ် စာလုံးတွေကိုလည်း

အလွယ်တကူနဲ့

ဝိုင်းပြီးရှင်းပြလို့ရပါဗျာ

နောက်ပြီးတော့ မြားထိုးတာတို့

စာရိုက်တာတွေကိုလည်း

အလွယ်တကူ လုပ်လို့ရပါတယ်ဗျာ

ကျွန်တော်ရှင်းပြတာက

နည်းနည်းလေးပဲ ရှိပါသေးတယ်

ကိုယ်တိုင် သုံးကြည့်မှာ အတော်စုံတာကို

တွေ့ရမယ်ဖြစ်ပါတယ်ဗျာ

File Size-(13.36MB)
 
 

11/4/12

All Free MP3 Cutter v2.3.1


Preview
 

မင်္ဂလာပါဗျာ ဒီနေ့တော့ Mp3 တွေကို ဖြတ်တဲ့

Software လေးပါ Mp3 ကိုဖြတ်တောက်ချင်တဲ့

သူငယ်ချင်းတွေ အတွက် အသုံးဝင်မယ်ထင်လို့

တင်ပေးလိုက်ပါတယ်ဗျာ

လုပ်နည်းကိုတော့ ပုံနဲ့ အတိုကောက်

အနေနဲ့ ရှင်းပြထားပါတယ်ဗျာ

နားလည်းကြမယ်လို့ ထင်ပါတယ်

နားမလည်းခဲ့ရင်းလည်း

ကျွန်တော်ညံ့လို့ပေါ့ဗျာ

အောက်ကပုံကို ဆက်ကြည့်ပါဗျာ

Preview
 

 အခုမှာ စသုံးတဲ့သူတွေဆိုရင်

Start ကိုနှိပ်လိုက်ရင် Keyတောင်းတဲ့

ဘောက်လေးကျလာလိမ့်မယ်ဗျာ

ကျလာရင် Name နေရာ any လို့ထည့်ပေးပါဗျာ

Key နေရာက AFMC-JFJEI-IOJRL-WVWPL

ထည့်ပြီးရင် Ok ပဲဖြစ်ဖြစ် enter ပဲဖြစ်ဖြစ်

ခေါက်လိုက်ပါဗျာ

ဒါဆို အပေါ်က အတိုင်း ရာနှုန်းပြေးနေလိမ့်မယ်

ပြီးရင် Ok Box လေး ပေါ်လာရင်

Ok ပေးလိုက်ရင် ရပါပြီးဗျာ



Download>>> လုပ်ရန်

File Size-(7.35MB)

ImTOO MP4 Video Converter နဲ့ Mp4 / Mp3 ပြောင်းချင်သူအတွက်


Preview
 

မင်္ဂလာဗျာ ဒီနေ့တော့ ကျွန်တော် တို့ကွန်ပျူတာတွေမှာ

မရှိမဖြစ် အသုံးပြုနေကြတဲ့

Converter တွေ အများကြီး အထဲက

Imtoo Mp4 Video Converter ကို

ဆွဲထုတ်ပြီး ကောင်းမယ်ထင်လို့ တင်ပေးလိုက်ပါတယ်ဗျာ

MP3 Mp4 အကုန်လုံးနီးပါး ပြောင်းလို့ရပါတယ်ဗျာ

နောက်ပြီးတော့ MB လည်း နည်းတော့

Connection မကောင်းတဲ့သူတွေလည်း

အလွယ်တကူ ဒေါင်းပြီး

သုံးနိုင်တာပေါ့ မဟုတ်ဘူးလား

အသုံးပြုပုံကတော့ ကျွန်တော် အနည်း အကျည်း

ပုံမှာ ရှင်းပြထားပါတယ်ဗျာ

မရှိသေးဘူးဆိုရင်တော့

ဒေါင်းထားပေါ့ဗျာ

 
Download>>> mediafire.com (or) ziddu.com
 

File Size ကတော့>>>3.22 MB

11/3/12

icons များဆွဲရွှေ့ရ / မရအောင်ပြုလုပ်ထားခြင်း

Preview

မင်္ဂလာပါဗျာ ပုံတွင်ပြထားသည့်အတိုင်း

ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ icons ပုံကလေး

တစ်ခုကို ရွှေ့ဆွဲလိုက်တဲ့




ပုံလေးဖြစ်ပါတယ်ဗျာ

အဲ့တော့ ဒီလိုမျိုး ရွှေ့ဆွဲလို့ မရအောင်

ပြုလုပ်ထားမယ်ဆိုလည်း

ပြုလုပ်ထားလို့ ရပါဗျာ

အဲ့တော့ အောက်က ပုံကို ဆက်ကြည့်လိုက်ပါဗျာ

 
Preview

ပုံတွင် ပြထားသည့် အတိုင်း icons ပုံများကို

ရွှေ့ဆွဲလို့ မရအောင် ပြုလုပ်ထားမယ်ဆိုရင်

ပုံတွင်ပြထားသည့်

View ကို mouse ဖြင့် ထောက်ပြီး

လေးထောင့်တုံး ဝိုင်းထားသည့်




နေရာရဲ့ ရှေ့မှာ အမှတ်ခြစ်လိုက်ရင်

ရပါပြီးဗျာ

ဒါဆိုရင် မိမိကျွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ

icons များသည့် ရွှေ့ဆွဲ မရတော့ပါဘူးဗျာ

 
 


အားလုံးကိုလေးစားလျှက် မောက်မောက်လေး

10/30/12

မိလ္လာကျင်းထဲက လက်စွပ် တစ်ကွင်းကြောင့် လူသုံးဦး၏ အသက်သေဆုံး

သံဖြူဇရပ် မြို့နယ်တွင် မိလ္လာကျင်း အတွင်း လက်စွပ်ဆင်း ဆယ်သူသုံးဦး သေဆုံးသွားခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့က မွန်ပြည် နယ်၊ သံဖြူဇရပ် မြို့နယ်၊ကျုံကဒတ် ကျေးရွာရှိ အိမ်ခြံဝင်းတစ်ခု ၌ အိမ်ရှင်ဖြစ်သူ၏ လက်စွပ်မှာ အိမ်သာသွားစဉ် မိလ္လာကျင်းထဲ ပြုတ်ကျခဲ့ရာ ထိုလက်စွပ် အား ဆင်းဆယ် သော လူလေးဦး အနက် သုံးဦးမှာ မိလ္လာကျင်း အတွင်း သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ဝ နာရီ၌ ကျုံကဒတ် ရွာနေ အိမ်ရှင်ဖြစ်သူ ဦးမျိုးမြင့်ခေါ် ဦးကွန်ဗလိုင် သည် အိမ်သာသွားစဉ် အိမ်သာ အတွင်းသို့ ရွှေလက်စွပ် တစ်ကွင်း ကျသွားခဲ့ကြောင်း ထိုလက်စွပ်အား ထိုအိမ်ရှိ အလုပ်သမား လေးဦးမှ မိလ္လာကန် အတွင်းသို့ အနံ့ပျောက် စေရန်အတွက် အက်စစ် သုံးပုလင်း လောင်းထည့်၍ တစ်ဦးပြီး တစ်ဦး ဆင်းဆယ်ရာ တွင်း အတွင်း၌ အောက်ဆီဂျင် ပြတ်တောက်၍ မေ့မျောသွားခဲ့ ကြောင်း၊ တွင်းအတွင်းသို့ ဆင်းသွား သူများ၏ အသံကို ပြန်မကြား ရ၍ အိမ်ရှင် ဖြစ်သူက သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့သဖြင့် မီးသတ် ဝန်ထမ်းများ ဆင်းဆယ်ရာ သုံးဦးမှာ အောက်ဆီဂျင် ပြတ်တောက်မှု ကြောင့် မေ့မျောသေဆုံး လျက် ရှိသည် ကိုတွေ့ရပြီး ကျန်တစ်ဦးမှာမူ ဆေးရုံ သို့ အချိန်မီ ပို့ဆောင်နိုင်မှုကြောင့် အသက် ချမ်းသာရာ ရခဲ့ကြောင်း သံဖြူ ဇရပ်မြို့နယ် မီးသတ်စခန်းမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

10/28/12

ပြန့်ကျဲနေတဲ့ icons များကိုနေရာတကျပြန်စီခြင်း


မင်္ဂလာပါဗျာ ဒီနေ့တော့ ပြန့်ကျဲနေတဲ့

icons များကို နေရာတကျပြန်စီခြင်းပဲဖြစ်ပါတယ်ဗျာ

မိမိကွန်ပျူတာ မျက်နှာပြင်ပေါ်မှာရှိတဲ့

icons များသည့် တစ်ခါတလေ

ပြန့်ကျဲနေတတ်ပါတယ် အဲတော့

ပြန့်ကျဲနေတဲ့ icons များကို ပြန်စီနည်းပါဗျာ

Preview

ပုံတွင်ပြထားသည့်အတိုင်း

ပြန့်ကျဲနေတဲ့ icons ပုံများဖြစ်ပါတယ်ဗျာ

Preview

ပုံတွင်ပြထားသည့်အတိုင်း

မိမိကွန်ပျူတာ မျက်နှာပြင်ပေါ်ကို

Mouse ဖြင့် Right Click ကို

နှိပ်ပြီး Sort by ကို Mouse ဖြင့် ထောက်ပြီး

Name ကိုနှိပ်လိုက်ရင်

အောက်မှာပြထားသည့်အတိုင်း

icons ပုံများ နေရာတကျ ပြန်စုသွားပါတယ်ဗျာ

Preview

အခုမှာ ကွန်ပျူတာ စကိုင်တဲ့သူအတွက်

ရည်ရွယ်ပါတယ်ဗျာ

                                     မောက်မောက်လေး

10/13/12

အဆင့်မြင့်အင်တာနက်အသုံးပြုနည်း (မြန်မာလို)

မင်္ဂလာပါဗျာ ဒီနေ့တော့ အင်တာနက်ကို အဆင့်မြင့်မြင့်

သုံးချင်သူတွေအတွက် အဆင့်မြင့် အင်တာနက်
အသုံးပြုနည်း (စာအုပ်) ကိုပြန်လည်တင်ပေးလိုက်ပါဗျာ
အင်တာနက်ကို မည့်သူမဆို အဆင့်မြင့်မြင့် သုံးချင်ကြတာချည်းပဲ
တစ်ခါလာလဲ Mp3 သီချင်းလေး ဒေါင်းလိုက်
ဓါတ်ပုံလေးကြည့်လိုက် အမြဲတမ်း
ဘယ်သူကလုပ်ချင်မှာလဲ အင်တာနက်သုံးတာ
ရှုံးတာပေါ့ အဲတော့ အရှုံးမရှိစေရန်
အဆင့်မြင့်အင်တာနက် အသုံးပြုနည်းကို
ဖတ်ပြီးတော့ လေ့လာကြည့်ပေါ့
သင့်အတွက်အရှုံးမရှိပါဘူး
စာအုပ်ထဲမှာတော့ အတော်စုံလင့်စွာ
တွေ့ရပါတယ်
စာအုပ်မှာပါသည့် မာတိကလေးတွေကို နည်းနည်း
ပြောပြရမယ်ဆိုရင်

(1)Internet Forum

(2) Account တည်ဆောက်ခြင်း

(3) Website အတွင်းဝင်ရောက်အသုံးပြုနည်း

(4) Finding E Book

(5) Download Link

(6) Download Ticket မှာ ကြုံရတဲ့အခက်အခဲ

(7) Rar File အား ပြန်ဖြည်နည်း

(8) လိုချင်တာအမြန်ရှာနည်း

(9) Upload လုပ်နည်း

(10) Bolg ရေးနည်း

(11) Bolg တစ်ခုတည်ဆောက်ခြင်း.....

စသည့်တို့ဖြစ်သည်။

File Size ကတော့ (9.21 MB)

 

Download>>mediafire.com (or)minus.com


Windows 7 အသုံးပြုနည်းလက်စွဲ (မြန်မာလို)

မင်္ဂလာပါဗျာ ဒီနေ့တော့ Windows 7 ကျွမ်းကျင်စွာ အသုံးပြုတတ်ရန်

အတွက် ဆရာကြီးဦးအောင်လင်းရေးသည့် Windows 7 အသုံးပြုနည်း

လက်စွဲ စာအုပ်လေးကို ပြန်လည်တင်ပေးလိုက်ပါတယ်ဗျာ

အခုဆိုရင် ကွန်ပျူတာ သုံးတဲ့ လူတိုင်းလိုလို

Windows 7 ကို တွင်ကျယ်စွာ အသုံးပြုလာသည့်နှင့်အမျှ

Windows 7 ကို ဘယ်လိုသုံးရမလဲဆိုတာလည်း

လိုအပ်လာပါတယ်ဗျာ

အဲတော့ Windows 7 ကို တွင်တွင်ကျယ်ကျယ်

အသုံးပြုတတ်ချင်ရင် ဒီစာအုပ်လေး ကိုးကားကြည့်ပေါ့ဗျာ

အဆိုပါ စာအုပ်ထဲပါသည့် မာတိက ကို ကောက်နုတ်တင်ပြရ

မယ်ဆိုရင်...

အခန်း(၁) Windows 7 ၏ Desktop မြင်ကွင်း

နှင့် ပါဝင်သည့် အကြောင်းအရာများအား လေ့လာခြင်း

အခန်း(၂) Font အကြောင်းနှင့် Font Installation

ထည့်သွင်းခြင်း

အခန်း(၃) Device and Pirnter အကြောင်း

အခန်း(၄) Control Panel အားလေ့လာခြင်း

အခန်း(၅) Accessories မှာ အကြောင်းအရာများ

လေ့လာခြင်း

အခန်း(၆) Internet နှင့် ချိတ်ဆက်ပြီး

Online Game ကစားခြင်း

အခန်း(၇) Organize Menu အကြောင်း.......

စသည့်တို့ဖြစ်သည်။

File Size ကတော့ (13.6 MB)

 

Download>>>Sharebeast (or)minus.com


ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများနှင့်ပြဿနာဖြေရှင်းခြင်း(စာအုပ်)

မင်္ဂလာပါဗျာ အခုတစ်လော့ စာအုပ်ဖတ်ကို အားကောင်းနေတဲ့လို့

ပြောရမှာပဲ အခုလဲ ဆရာသန်းထိုက် ပြုစုရေးသားထားသည့်

ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများနှင့်ပြဿနာဖြေရှင်းခြင်း(စာအုပ်)ကို

တင်လိုက်တာပါ ယနေ့ တိုးတတ်နေတဲ့ IT ခေတ်ကြီးမှာ

Mobile ဖုန်းတွေကလည်းအမျိုးမျိုး MP3/MP4 တွေကလည်း

အမျိုးမျိုးဆိုတော့ ပြဿနာတွေကလဲ အမျိုးမျိုး ကြုံတွေ့ရတတ်ပါတယ်

အဲတော့ ကြုံတွေ့ရသည့် ပြဿနာအားလုံးကို

ဒီစာအုပ်ကို ဖတ်ပြီး ဖြေရှင်းကြည့်ရင် အားလုံးအဆင်ပြေသွားမှာပါ

အဆိုပါခေါင်းစဉ်ငယ်တွေကို တင်ပြရမယ်ဆိုရင်

CD နှင့်အတူတွဲ၍ပါရှိသောအသုံးချဆော့ဝဲလ်များ

ဖိုင်ပုံစံသတ်မှတ်ခြင်းများ

MP4 စနစ်သုံး ဒီဂျစ်တယ် ပစ္စည်းများဝယ်ယူရင်

MP3 Player အတွင်း ဖိုင်တည်ရှိနေပုံနှင့် အသုံး

MP4 Player Control Setup များအညွှန်း

File Recovery Software InStalling

File Recovery Software Running....

စသည့်တို့ဖြစ်ပါသည်။ File Size ကတော့(10.38 MB)

 

Download>>>Sharebeast (or) minus.com


10/12/12

Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ (မြန်မာလို)

မင်္ဂလာပါဗျာ ဒီနေ့တော့ Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း
လက်စွဲ (စာအုပ်)ကို အခုမှာ ကွန်ပျူတာ စသုံးတဲ့သူတွေ
အတွက် အသုံးဝင်မယ်ထင်လို့ တင်ပေးထားပါတယ်ဗျာ
Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ
စာအုပ်ကိုတော့ မြန်မာ Bolgger တွေမှာ
တင်ထားကြတာနည်းပါတယ်
အဲတော့ အသုံးဝင်ရင် ဖတ်ရှုရကြအောင်ဆိုပြီးတော့
ပြန်လည်ဝေမျှတဲ့သဘောပါပဲ
စာအုပ်ကိုတော့ဆရာကြီးဦးအောင်လင်းက
ရေးသားပြုစုခဲ့ပါတယ်
လိုချင်တဲ့သူငယ်ချင်းများအောက်မှာ ဒေါင်းလိုက်ပါနော်
File Size ကတော့ (13.5MB)ရှိပါဗျာ

>>>Download Now<<<

>>>Files.com<<<



အင်တာနက် Website လမ်းညွှန်းနှင့် Facebook အသုံးပြုနည်း (မြန်မာလို)

မင်္ဂလာပါဗျာ ဒီတစ်ခါတော့ စာအုပ်လည်း မတင်တာကြာပြီးဆိုတော့

အင်တာနက် Website လမ်းညွှန်း နှင့် Facebook အသုံးပြုနည်း

စာအုပ်လေးကို ပြန်လည်တင်ပေးလိုက်ပါတယ်ဗျာ

စာအုပ်ရဲ့ ထူးခြားချက်ကတော့ အင်တာနက် အသုံးပြုသူတိုင်း

ဆောင်ထားသင့်သော စာအုပ်လေးလည်းဖြစ်ပါတယ်

ဘာကြောင့် ဆောင်ထားသင့်သလဲဆိုတော့

အဆိုပါစာအုပ်ထဲမှာက Website လမ်းညွှန်းအမျိုးမျိုးနဲ့ Facebook

အသုံးပြုနည်းပါ တစ်ခါတည်း ပူးတွဲရေးသားထားလို့ပါပဲ

အဆိုပါစာအုပ်ထဲမှာပါတဲ့ မာတိက ကိုက(က)ကနေ(အ)ထိ

ခွဲခြားထားပါတယ်

(က) ကား Website များ။ ကဗျာ Website များ။ ကွန်ပျူတာနှင့်

ပတ်သက်သော Website များ။ ကွန်ပျူတာ Virus ဆိုင်ရာများ

ကွန်ပျူတာ Software Download။

ကွန်ပျူတာနှင့်ပတ်သက်သောစာမေးပွဲများအတွက်

ကွန်ပျူတာ Wallpaper Image များ။

ကစားစရာ အရုပ်များ

ကျန်းမားရေးဆိုင်ရာ Website များ။

(ခ) ခရီးသွားလမ်းညွှန်း Website များ။

(ဂ)ဂိမ်း Website များ။

ဂျာနယ်များ။

ဂြိုလ်တုနှင့်ပတ်သက်သော Website များ။

(စ) စာအုပ်များ။

စာလုံးပေါင်းသတ်ပုံကျမ်း။

စီးပွားရေးဆိုင်ရာ Website များ။

စားသောက်ဖွယ်ရာများ စသည့်တို့ဖြစ်သည်။

ခေါင်းစဉ်ငယ်လေးတွေ ရှိပါသေးတယ် ရေးမနိုင်တော့လို့
ဒီလောက်လေးနဲ့ပဲ အဆုံးသတ်ပါရစေဗျာ
Download လင့်နှစ်ခုတင်ထားပေးပါတယ် အဆင်ပြေတဲ့ကောင်နဲ့
ဒေါင်းသွားလိုက်ပါဗျာ File Size ကတော့ (7.97MB)