Posted by မောက်မောက်လေး on Thursday, August 01, 2013
မင်္ဂလာပါဗျာ Hard Disk တွေကို Partition ပိုင်းချင်သူတွေ
အတွက် အသင့်တော်ဆုံး Software ဆိုရင် မမှားပါဘူးဗျာ
Hard Disk တွေတင် မကပါဘူး USB တွေကိုပါ
ခွဲလို့ရပါတယ် အသုံးပြုပုံ အနည်းငယ်ကို
ဒီပိုစ့်မှာ ပြန်ကြည့်လို့
ရပါတယ် တူတူပါပဲ သိပ်မကွာပါဘူးဗျာ
ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက် Patch ဖိုင်ကို
အသုံးပြုရမယ် ဖြစ်ပါတယ်
File Size (17.15MB) ရှိပါတယ်
Posted by မောက်မောက်လေး on Tuesday, May 28, 2013
မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော်တို့ အကိုကြီး
ပြောပြလို့ မိုက်တယ်ဆိုပြီး အားလုံးအတွက်
အဆင်ပြေအောင် ပြန်လည် တင်ပေးလိုက်ပါတယ်ဗျာ
ကျွန်တော်တို့ အကိုကြီး ကိုဝင်စိုးက ဆော့ဝဲလ်နှင့်
ပတ်သတ်ပြီး နည်းပညာတွေ တင်ချင်ပေမဲ့
အလုပ်တစ်ဖက်နဲ့ သိပ်မအားလို့
ကောင်းတယ်ဟာတွေဆို ကျွန်တော် မောက်မောက်လေးကို
ပြောပြီး တစ်ဆင့် ပြန်လည်ဝေမျှပေးတာပါ
ဆော့ဝဲလ်က Partition ကို သုံးပြီး
Hard Disk တို့ USB တို့ကို ခွဲလို့ ရတဲ့
Partition Wizard Technician Edition V 7.8 ပါ
သူက Hard Disk တွေကို ခွဲတာတင် မကပါဘူး
ခွဲလိုက်ပြီး ဆိုရင် မိမိစိတ်ကြိုက် Hide Partition လုပ်
လို့ရပါတယ်ဗျာ တစ်နည်းအားဖြင့် ပြောရရင်
Hard Disk ဖျောက်ထားတာပေါ့
အသုံးဝင်ပုံ အများကြီးထဲက ကျွန်တော် Hard Disk ခွဲနည်း
ကို ပုံနှင့် တကွ ရှင်းပြပေးသွားမယ်
ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်
Kengen ကို အသုံးပြုရမယ် ဖြစ်ပါတယ်
RAR ထဲမှာ Keygen နှစ်ခု ထည့်ပေးထားပါတယ်
အဆင်ပြေတဲ့ ကောင်နဲ့သာ အသုံးပြုလိုက်ပါ
File size (10.7MB) ရှိပါတယ်
ပုံ(၁) တွင် ပြထားသည့် အတိုင်း
မိမိခွဲချင်သည့် Hard Disk (သို့) USB ကို
Mouse ဖြင့် ထောက်ပြီး Split Partition ကို
နှိပ်လိုက်ပါ ဒါဆိုရင် အောက်က
ပုံအတိုင်း ပေါ်လာလိမ့်မယ်
ပုံ(၂) တွင် ပြထားသည့် အတိုင်း
Nurmber (1) နဲ့ ပြထားသည့် နေရာမှာ
မိမိစိတ်ကြိုက် Mouse ဖြင့် ဖိဆွဲပြီး
မိမိကြိုက်သလို MB ဘယ်လောက်ထားမယ်
ဆိုတာ ချိန်းပေးလို့ ရပါတယ် ဂဏန်းနဲ့
ချိန်းပေးစရာ မလိုဘူး မိမိစိတ်ကြိုက်
ချိန်းပြီးရင် Ok ပေါ့..
ပုံ(၃) တွင် ပြထားသည့် အတိုင်း
Apply ကို နှိပ်ပေးရမယ် ဖြစ်ပါတယ် နှိပ်လိုက်
ပြီးရင် Yes နဲ့ No ပေါ်လာရင်
Yes ကို နှိပ်လိုက်ပေါ့..............
ပုံ(၄) တွင် ပြထားသည့် အတိုင်း
ရာနှုန်းပြေးနေလိမ့်မယ် ရာနှုန်းပြည့်ရင်
USB Safe ဆော့ဝဲလ်တွေ ထည့်ထားပါက
ညာဖက်ထောင့်လိုမျိုး ပုံပေါ်လာလိမ့်မယ်
အကြောင်းက ရပြီးဆိုတဲ့ အကြောင်း
ကြားတဲ့ သဘောမျိုးပေါ့
Ok ပေးလိုက် ဒါဆိုရင် My Computer ကို
သွားပြီး မိမိခွဲလိုက်သော Hard Disk ကို
ပြန်ကြည့်လိုက်ပါဗျာ
မှတ်ချက်။ ။ မိမိရဲ့ Hard Disk တွေကို Delete လုံးဝ မလုပ်မိစေနဲ့ Dataတွေ ပျက်သွားမယ် ဖြစ်ပါတယ် Hard Disk ခွဲတဲ့ အခါ မိမိ ခွဲလိုက်သော Hard Disk (သို့) USB က Data တွေ လုံးဝ မထိခိုက်ပါဘူး ကျွန်တော် အားမခံပါတယ် အဲတော့ စိတ်ချ လက်ချ အသုံးပြုနိုင်ပါတယ်
မောက်မောက်လေး(နည်းပညာ)