Twitter Delicious Facebook Digg Stumbleupon Favorites More

9/9/14

TeamViewer 9.0.31064 + အသုံးပြုနည်း

mml
Name :TeamViewer
Version :9.0.31064
Size : 7.6MB
Format : rar
O/S : PC

မင်္ဂလာပါဗျာ ကွန်ပျူတာ အသုံးပြုသူတွေ အတွက် အင်တာနက်လိုင်း ရှိယုံနဲ့ တခြားသူတွေရဲ့ ကွန်ပျူတာကို ဝင်ပြင်ပေးနိုင်မယ့် TeamViewer 9.0.31064 ကို တင်ပေးလိုက်ပါတယ်။ အသုံးပြုပုံကတော့ မိမိကွန်ပျူတာကို ကိုယ်သူငယ်ချင်း တစ်ယောက်ကို ဝင်ပေးပြင်ချင်တယ်ဆိုရင် မိမိရဲ့ ID ရယ် Password ကို ပေးလိုက် ယုံပါပဲ ကဲအောက်မှာ အသုံးပြုနည်း အနည်းငယ်ကို ပုံနှင့် တကွ ရှင်းပြထားပါတယ်



ပုံတွင် ပြထားသည့် အတိုင်း မိမိ ဝင်ပြင်ပေးချင်သော ကိုယ် သူငယ်ချင်းရဲ့ ID နံပတ်ကို တောင်းပြီး နံပတ်(၁) မြားပြထားသော နေရာမှာ ထည့်ပေးရမယ် ဖြစ်ပါတယ်။ မှတ်ချက်။        ။ကိုယ်က မေးလိုက်၍ ID နံပတ် ဘယ်နေရာလဲဆိုရင် ပုံရဲ့ ဘယ်ဘက်ခြမ်းက Your ID သည် မိမိရဲ့ ID နံပတ်ပဲ ဖြစ်သည် Password က အောက်က ဟာပဲပေါ့။ မှတ်ချက်။      ။ ဆော့ဝဲလ် အဖြုတ် အသွင်းလုပ်တိုင်း ID နံပတ် ပြောင်းလဲနိုင်သည် Password နံပတ်က အချိန်အခါ မရွေးပြောင်းလဲနိုင်ပါသည်
ID နံပတ် ထည့်ပြီးသွားရင် နံပတ်(၂) ပြထားသော Conncet to partner ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း Password တောင်းနေလိမ့်မည်


ပုံတွင် ပြထားသည့် အတိုင်း Password ဖြည့်ပြီးရင် Log On ကို နှိပ်လိုက်ရင် စက္ကန့်အနည်းငယ် ကြာရင် မိမိဝင်ပြင်ပေးချင်သော တဖက် ကွန်ပျူတာဆီသို့ ရောက်ရှိသွားမယ် ဖြစ်ပါတယ် အောက်က ပုံအတိုင်းပေါ့


ဒီနေရာရောက်ရင် မိမိ ပြင်ပေးချင်တာ ပြင်ပေးလို့ ရပါပြီး မိမိ ကွန်ပျူတာက Data တွေကို တဖက် ကွန်ပျူတာဆီသို့လည်း Copy and Paste အသုံးပြုပြီး လုပ်ဆောင်လို့ရပါ၏။

မှတ်ချက်။            ။ ကွန်ပျူတာ နှစ်ဖက်စလုံးမှာ TeamViewer Software ရှိရန် လိုအပ်သည် အင်တာနက်လိုင်းလည်း ရှိရမည်။ TeamViewer Version တူရင် ပို၍ အဆင်ပြေ၏။


0 ဒေါင်းလင့်ဆွဲရာတွင် အဆင်မပြေပါက ပြောခဲ့ကြပါခင်ဗျာ:

Post a Comment