Twitter Delicious Facebook Digg Stumbleupon Favorites More

Showing posts with label 3D maker. Show all posts
Showing posts with label 3D maker. Show all posts

4/11/13

Xara_3D_Maker_7 +Serial Key

 

မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးတွေ ဖန်းတီးချင်တဲ့

သူတွေ အတွက် Xara_3D_Maker_7 ကို ပြန်တင်လိုက်ပါတယ်ဗျာ

အရင် တုန်းကလဲ တင်ပေးဖူးပါတယ် ဒါပေမဲ့ ဒေါင်းလို့

အဆင်မပြေဘူး ပြောလို့ ပြန်တင်ပေးလိုက်ပါတယ်ဗျာ

အသုံးပြုနည်း အနည်းငယ်ကို ဒီမှာ ပြန်ကြည့်လိုက်ပါ

ဆော့ဝဲလ်ကို Full version ဖြစ်ဖို့အတွက်

Serial Key ကို အသုံးပြုမယ် ဖြစ်ပါတယ်ဗျာ

file Size (14.63MB) ရှိပါတယ်

Download>>>sendspace.com (or) Files.com


Xara3D Version 6 + Serial Key (3D စာလုံးတွေပြုလုပ်ကြမယ်)

 

 

ဆော့ဝဲလ်ပုံစံ

 

မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးတွေ ရေးချင်တဲ့သူတွေအတွက်

Xara3D Version 6 ကို ပြန်ရှယ်ထားပါတယ်ဗျာ အရင်ကလည်း

တင်ပေးဖူးပါတယ် ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်

Serial Key ကို အသုံးပြုရမယ် ဖြစ်ပါတယ်

အသုံးပြုနည်း အနည်းငယ်ကို ကျွန်တော် PDF ဖိုင်လေး

ပြုလုပ်ပြီး တင်ပေးထားပါတယ်ဗျာ

File Size (24.8MB) ရှိပါတယ်

Download>>>sendspace.com (or) sharebeast.com

download>>><>>>>>>>>>>>Files.com

PDF Download>>>sendspace.com (or) Files.com

 
 
 
 

11/10/12

3D maker ဆော့ဝဲလ်နှင့် (3D စာလုံးပြုလုပ်နည်း)


မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးလုပ်နည်းကို

ရှင်းပြသွားမှာပါဗျာ ဒီနည်းကို အစတုန်းက ကျွန်တော်

လည်း လုပ်မတတ်ခဲ့ပါဘူး

ကိုလွင်မင်းဗိုလ်ဆိုဒ်ကို သွားလည်ရင်နဲ့

သဘောကျလို့ ကိုလွင်မင်းဗိုလ်ကို

အကူအညီလေး တောင်းပြီး

ကိုလွင်မင်းဗိုလ် ပြောပြလို့ ကျွန်တော် အခုလို့မျိုး

မျှဝေနိုင်တာပါဗျာ

ဒီနေရာကနေ ကျွန်တော်ရဲ့ ဆရာအားလုံးကို

ဦးညွှတ်လေးစားလျှက်ပါဗျာ

3D maker ဆော့ဝဲလ်ကိုတော့

အောက်မှာ ဒေါင်းလိုက်ပါဗျာ

FileSize-(20.15)

ဆော့ဝဲလ်ထဲမှာ 3D စာလုံး လုပ်နည်း

ဓါတ်ပုံပါတစ်ခါထဲ ထည့်ပေးထားပါတယ်ဗျာ

Online နေ မဟုတ်လည်း

Offline ကနေလည်း ပုံကို ကြည့်ပြီး

လိုက်လုပ်ကြည့်လို့ရပါတယ်ဗျာ


Download>>> Ziddu.com (or) Files.com 


Video ဖိုင်နဲ့ပါ ကြည့်လို့ရပါတယ်နော်


အရင်ဆုံး 3D maker ဆော့ဝဲလ်ကို ဖွင့်လိုက်ပါဗျာ

ပြီးရင် ပုံတွင်ပြထားသည့် အတိုင်း ပေါ်လာရင်

ဆော့ဝဲလ်ရဲ့ အပေါ် ညာဘက်ခြမ်းက

File ကို mouse နဲ့ ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ

ပြထားသည့် ပုံအတိုင်းပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

အကွက်တုံးကြီးနဲ့ ဝိုင်းပြထားသည့်နေရာမှာ

မိမိစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဗျာ

ကျွန်တော်က နံပတ် 3 ပြထားသည့်

အကွက်တုံးလေးကို ရွေးချယ်ထားပါတယ်

မိမိရွေးချယ်ထားသည့်

ကောင်ကို mouse ဖြင့် ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ ပြထားသည့်

ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 5 နဲ့ ပြထားသည့် ဘောက်ကလေး

ပေါ်လာရင် Yes ကို ရွေးချယ်ပေးပါဗျာ

ဒါဆို အောက်ကပုံအတိုင်း ပေါ်လာလိမ့်မည်


Yes ကို ရွေးချယ်လိုက်သည့် အတွက်

အပေါ်က ပုံတွင်ပြသည့် အတိုင်း မဟုတ်တော့ပဲ

အခုလို့မျိုး X3D ဆိုပြီး စာလုံးအကြီးနဲ့

ပြောင်းသွားလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့်အတိုင်း

နံပတ် 6 နေရာကို ကြည့်လိုက်ပါ

Aa ဆိုတဲ့ စာလုံးကို နှိပ်လိုက်ရင်

ပုံတွင်ပြထားသည့်

နံပတ် 7 နံပတ် 8 ဆိုပြီး ဘောက်လေး

တစ်ခုပေါ်လာလိမ့်မယ်ဗျာ

နံပတ် 7 နေရာမှာက မိမိစိတ်ကြိုက်

စားလုံး Design တွေ ပြောင်းလို့ရပါတယ်ဗျာ

အကယ်လို့ မြန်မာ Design Font

 ထည့်ထားမယ်ဆိုလည်း

ပြောင်းသုံးလို့ရပါတယ်ဗျာ

နံပတ် 8 နေရာမှာက X3D စာလုံးအကြီးတွေကို

နုတ်ပစ်လိုက်ပါဗျာ

အောက်ကပုံကို ဆက်ကြည့်သွားပါဗျာ


ပုံတွင်ပြထားအတိုင်း

နံပတ် 9 နေရာမှာတော့

ကျွန်တော်က မြန်မာ

Design Font ပြောင်းထားပါတယ်ဗျာ

နံပတ် 10 မှာက ခဏတုန်းက ဖြတ်လိုက်သည့်

နေရာမှာမိမိစိတ်ကြိုက်စာလုံးရေးလို့ရပါတယ်ဗျာ

ကျွန်တော်က မောက်မောက်လေး

 အထွေထွေ(နည်းပညာ)

လို့ရေးထားပါတယ်ဗျာ ရေးပြီးရင် Ok ကို

နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်


ပုံတွင်ပြထားသည့် အတိုင်း အခုလိုမျိုးပေါ်လာလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော်တို့ လုပ်တဲ့ 3D စာလုံး အလွယ်နည်းနဲ့

လုပ်လို့ပြီးပါပြီးဗျာ

ဒါပေမဲ့ မသိမ်းရသေးပါဘူး

သိမ်းဖို့အတွက် အောက်ကပုံကို 

ဆက်ကြည့်လိုက်ပါဗျာ

ပုံတွင် ပြထားသည့် အတိုင်း

File ကို mouse ဖြင့် ထောက်ပြီး

နံပတ် 13 နေရာကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 14 နေရာမှာက

မိမိသိမ်းချင်သည့်နေရာပါ

ကျွန်တော် အလွယ်နည်းနဲ့ Desktop မှာပဲ

သိမ်းလိုက်ပါတယ်

နံပတ် 15 နေရာမှာတော့

မိမိစိတ်ကြိုက်အမည်ပေး

လို့ရပါတယ်ဗျာ

ပြီးရင် နံပတ် 16 နေရာမှာ Save နဲ့

သိမ်းလိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ


ပုံတွင်ပြထားသည့် အတိုင်း

Width နေရာမှာက ပုံရဲ့ အလျားကို

 မိမိစိတ်ကြိုက်ချိန်းလို့ရပါတယ်ဗျာ

Height နေရာမှာတော့ မိမိစိတ်ကြိုက်

ပုံရဲ့အနံကို ချိန်းလို့ရပါတယ်ဗျာ

ပြီးရင် Save သိမ်းလိုက်ရင်

မိမိသိမ်းထားသည့် နေရာကို

ရောက်သွားလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော် ပြုလုပ်ထားသည့်

3D စာလုံး အောက်မှာ ရပါပြီးဗျာ

ဆရာ အားလုံးလေးစားလျှက် မောက်မောက်လေး