Posted by မောက်မောက်လေး on Tuesday, August 13, 2013
မင်္ဂလာပါဗျာ 2013 နှစ်မှာ လူသုံးများ လူကြိုက်များသော PC Cleaner တစ်ခုပါ တခြား Cleaner တွေနဲ့ အားသာချက်တွေ ရှိပါတယ် အစတုန်းကဆို ကွန်ပျူတာ တိုင်းမှာ သန့်ရှင်းရေး ဆော့ဝဲလ်ဆိုပြီး CCleaner ကို အသုံးပြုကြပါတယ် အခုတော့ PC Cleaner Pro 2013 ထွက်လာတော့ CCleaner ကို သိပ်မသုံးဖြစ်ကြဘူး အခုကောင့်က တကယ်လည်း ကောင်းပါတယ်ဗျာ
ကဲ ကွန်ပျူတာ သန့်ရှင်းရေး ပြုလုပ်ချင်တဲ့ သူတွေ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာ File Size (4.42MB) ရှိပါတယ်......................။
Posted by မောက်မောက်လေး on Thursday, August 01, 2013
မင်္ဂလာပါဗျာ CC Cleaner ဆို ကွန်ပျူတာ အသုံးပြုနေတဲ့
သူတိုင်း သိကြပါတယ် အမှိုက်တွေ ရှင်းပေးတဲ့ နေရာမှာဆို
လူကြိုက်များပြီး ကွန်ပျူတာတိုင်းမှာ ဆောင်ထားကြတဲ့
ဆော့ဝဲလ်လေးပါပဲဗျာ အခုလဲ Update ထွက်လို့ တင်
ပေးလိုက်ပါတယ်ဗျာ ဒါထက် Full Version
ဖြစ်ဖို့အတွက် Serial Key ကို အသုံးပြုရမယ် ဖြစ်ပါတယ်
လူသစ်တွေ အနေနဲ့ အသုံးပြုနည်းကို ကြည့်ချင်ရင်တော့
ဒီပိုစ့်မှာ ပြန်ကြည့်လို့ ရပါတယ် File Size (3.9MB) ရှိပါတယ်
Posted by မောက်မောက်လေး on Sunday, June 02, 2013
မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာ အသုံးပြုသူတိုင်း
ဆောင်ထားသင့် တဲ့ ဆော့ဝဲလ်လေးပါ
အထူးသဖြင့် ကွန်ပျူတာ ဝန်ဆောင်မှုပေးနေသော
ဆိုင်များတွင် အထူးဆောင်ထားသင့် တဲ့ ဆော့ဝဲလ်ပါပဲ
The Cleaner 9 က တခြား CCleaner ဆော့ဝဲလ်နဲ့တော့
နည်းနည်း ကွာတယ်ပေါ့ ဒီကောင်က ကွန်ပျူတာ သန့်ရှင်းရေး
ပြုလုပ်တာ ပိုပြီး ထိရောက်ပါတယ် မိမိ မသင်ကာ ဖြစ်သော
ဖိုင်တွေကိုလဲ တူနဲ့ ထုသတ်လို့ ရပါတယ်
ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်
Patch ဖိုင်ကို အသုံးပြုရမယ် ဖြစ်ပါတယ်
ကျွန်တော် အသုံးပြုပုံ အနည်းငယ်ကို ပုံနှင့် တကွ
ရှင်းပြထားပါတယ် File Size (269.29MB) ရှိပါတယ်
နည်းနည်းတော့ ကြီးတယ်နော်
ပုံ(၁) တွင် ပြထားသည့် အတိုင်း Scan ကို ရွေးချယ်ပြီး
Start ကို နှိပ်လိုက်ပါ
ပုံ(၂) တွင် ပြထားသည့် အတိုင်း မိမိ သန့်ရှင်းရေး
ပြုလုပ်ချင်သည့် အပိုင်းကို အမှတ်ခြစ်လေး
ပေးလိုက်ပါ အကုန်လုံး စစ်မယ်ဆိုရင်
အကုန်လုံး ပေးလိုက်ပေါ့ ပြီးရင် Ok
ပုံ(၃) တွင် ပြထားသည့် အတိုင်း
အစမ်းတုံးလေး ပြေးနေလိမ့်မယ်
မိမိ စစ်ထားတဲ့ ဖိုင်အပေါ် မူတည်ပြီး
ပိုးများရင် များသလို အချိန်ကြာမြင့်မယ် ဖြစ်ပါတယ်
ကျွန်တော် စစ်လိုက်တာ ၁နာရီလောက်ကြာသွားတယ်
Ok ပေးလိုက်ပါ ဒါဆိုရင် စစ်လို့ ပြီးပါပြီး
တခြား အသုံးဝင်တဲ့ Tool တွေ အများကြီး ရှိပါသေးတယ်
ကလိကြည့်ပါဗျာ မောက်မောက်လေး(နည်းပညာ)
Posted by မောက်မောက်လေး on Thursday, March 28, 2013
မင်္ဂလာပါဗျာ ဒီနေ့တော့ CCleaner Update ထွက်လာလို့
တင်ပေးလိုက်ပါတယ်ဗျာ နည်းနည်းတောင် နောက်ကျသွားပါတယ်
သူငယ်ချင်းအိမ်လည်တာ အခုမှာပြန်ရောက်တော့
ရောက်ရောက်ချင်း တင်ပေးလိုက်ပါတယ်ဗျာ
နောက်ဆို အသစ်ထွက်တိုင်း တင်ပေးသွားမည်
ဖြစ်ပါတယ် လိုအပ်တဲ့သူများ အောက်ကလင့်နှင့်
ဒေါင်းနိုင်ပါပြီး File Size (4.2MB) ရှိပါတယ်
Posted by မောက်မောက်လေး on Sunday, January 20, 2013
မင်္ဂလာပါဗျာ ဒီနေ့တော့ မိမိကွန်ပျူတာ
သန့်ရှင်းလုပ်တာ CCleaner နဲ့ လုပ်မဝတဲ့
သူတွေအတွက် WiseDiskCleaner လေးကို
ပြန်ရှယ်ထားပါတယ်ဗျာ Protable လေးပါပဲ
အလွယ်တကူအသုံးပြုလို့ရပါတယ်
မိမိရဲ့ Hardisk ထဲမှာ မလိုလားအပ်တဲ့
ဖိုင်တွေ error တွေလည်း ရှင်းပေးပါတယ်
ကွန်ပျူတာ အသုံးပြုသူတိုင်းဆောင်ထားသင့်တဲ့
ဆော့ဝဲလ်လေး တစ်ခုပါပဲ
File Size (2.16MB) ရှိပါတယ်
Posted by မောက်မောက်လေး on Sunday, December 09, 2012
မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာတိုင်းမှာ အသုံးပြုနေကြတဲ့
CCleaner ကို ပြန်လည်တင်လိုက်ပါတယ်
CCleaner ဆိုတာ ကွန်ပျူတာထဲမှာ မလိုလားအပ်တဲ့
အမှိုက်တွေကို ရှင်းထုတ်ပေးပါတယ်
ကျွန်တော်ကလည်း Portable လေးဖြစ်လို့
ဝေမျှလိုက်တာပါ CCleaner ကို အသုံးမပြုတတ်သေးတဲ့
သူငယ်ချင်းတွေများရှင်ခဲ့ရင်ဒီပိုစ့်မှာကြည့်လို့ရပါတယ်ဗျာ
ကျွန်တော်နောက်ဆုံးပြောချင်တာက
ကွန်ပျူတာက အမှိုက်တွေသာမက မိမိဘဝမှာ
စွန့်ထင်နေတဲ့ အမှိုက်တွေကိုပါ ရှင်းထုတ်နိုင်ကြပါစေ
လို့ ကျွန်တော် မောက်မောက်လေး ဆုတောင်းပေးလိုက်ပါတယ်နော်
File Size (1.95MB)ရှိပါတယ်ဗျာ
Posted by မောက်မောက်လေး on Sunday, November 11, 2012
မင်္ဂလာပါဗျာ ဒီနေ့တော့ ကွန်ပျူတာတိုင်းမှာ
ဆောင်ထားသင့်သည့် Software လေးပါဗျာ
ဘာဖြစ်လို့ ဆောင်ထားသင့်လည်းဆိုတော့
မိမိကွန်ပျူတာမှာ အမှိုက်တွေ များတဲ့အခါမှာ
ဒီ CCleaner ဆော့ဝဲလ်နဲ့ အမှိုက်တွေကို
ရှင်းထုတ်လို့ရပါတယ်ဗျာ
Portable ကတော့ ရှင်းပါတယ်
Click နှစ်ချက်နှိပ်ပေးပြီး ဒါတိုက်သုံးလို့ရပါပြီ
Key အတွက် ခေါင်းမစားရတော့သလို
Install လဲလုပ်စရာမလိုပါဘူး
FileSize-(3.79MB)
ပုံတွင်ပြထားသည့်အတိုင်း
CCleaner ကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း
ပေါ်လာလိမ့်မယ်ဗျာ
ပုံတွင်ပြထားသည့်အတိုင်း
Analyze ကိုနှိပ်လိုက်ရင် အပေါ်မှာ
ရာနှုန်းပြေးနေလိမ့်မယ်
မိမိစစ်နေတဲ့ အမှိုက်များ မကုန်မချင် စစ်ပေးနေပါဗျာ
ပြီးရင် အောက်ကပုံကို ဆက်ကြည့်ပါဗျာ
ပုံတွင်ပြထားသည့်အတိုင်း
Run CCleaner ကို တစ်ချက်နှိပ်ရင်
ပုံမှာပြထားသည့် ဘောက်လေးပေါ်လာရင်
Ok ပေးလိုက်ပါဗျာ
ဒါဆို ရာနှုန်းပြေးနေလိမ့်မည်
အောက်ကပုံကို ဆက်လက်ကြည့်ပါဗျာ
ပုံတွင်ပြထားသည့် အတိုင်း
နံပတ် အစဉ်လိုက်နှိပ်ပြီးတော့
လုပ်ဆောင်လိုက်ရင် မိမိစက်ထဲမှာရှိတဲ့
အမှိုက်တွေအကုန်လုံး ရှင်းသွားပါလိမ့်မည်ဗျာ
အားလုံးအဆင်ပြေပါစေနော်
မောက်မောက်လေး