Twitter Delicious Facebook Digg Stumbleupon Favorites More

9/9/14

HUAWEI Y220T Root ပြုလုပ်ခြင်းနှင့် မြန်မာစာထည့်နည်း

mml
Name :HUAWEI Y220T Root ပြုလုပ်ခြင်းနှင့် မြန်မာစာထည့်နည်း
Version :1.7.8
Size : 11.23MB
Format : Apk (or) rar
O/S : Android / PC

မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော် လက်ရှိသုံးနေတဲ့ HUAWEI Y220T Root ပြုလုပ်ခြင်းနှင့် မြန်မာစာထည့်နည်းကို တင်ပြပေးသွားမယ် ဖြစ်ပါတယ် အရင်ဆုံး မိမိဖုန်းကို Root လုပ်ရမယ် ဖြစ်ပါတယ် ကျွန်တော်က PC နဲ့  Root ခြင်းကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်။ အရင်ဆုံး မိမိအနေနဲ့ Settings ကို သွားပြီး Applications>Develoment>USB debugging နေရာကို အမှတ်ခြစ်ပေးပါ။


ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး ဒီနေရာမှာ အရေးကြီးတာက မိမိဖုန်းနှင့် ကွန်ပျူတာ Driver နားလည်းပြီး ဖြစ်ရမယ် ဒါဆိုရင် အပေါ်က ပုံတွင် ပြထားသည့်အတိုင်း မိမိဖုန်းဟာ ကွန်ပျူတာနှင့် USB ချိတိဆက်နေလိမ့်မယ် ဒီနေရာမှာ အချိန်အနည်းငယ် စောင့်ဆိုင်းပေးပါ၊ စိတ်မလော့ပါနှင့် ၁၀မိနစ်၊၁၅မိနစ်ပေါ့။ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်


ဒီအဆင့်မှာ မိမိဖုန်း Model number နှင့် connected ဖြစ်ပြီးရင် Root ကို လိုက်ပါ ဒါဆိုရင် အောက်ကပုံအတိုင်း Root လုပ်နေလိမ့်မည်

ခဏလေးစောင့်ပါ အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ်


ဒီအဆင့်မှာ အမှတ်ခြစ်လေး တတ်လာပြီးရင် မိမိဖုန်းဟာ Restart ကျသွားပြီး ပြန်တတ်လာရင် Root ရပါပြီး Root ရပြီး တပြိုင်နက် မိမိဖုန်းမှာ Kinguser(or) Superuser ဆိုပြီး Icon လေး တစ်ခု တိုးနေလိမ့်မည် ကဲ Root ရပြီးဆိုတော့ မြန်မာစာ ထည့်ရအောင် အရင်ဆုံး အောက်က လင့်နှင့် Monetine.ZawgyiChanger ကို ဒေါင်းလင့်ဆွဲပါ


ပြီးရင် မိမိဖုန်းမှာ Install ပြုလုပ်လိုက်ပါ


ပုံတွင် ပြထားသည့် အတိုင်း ဇော်ဂျီဖောင့် ပြောင်းမယ် နေရာကို နှိပ်လိုက်ပါ ဒါဆိုရင် မိမိဖုန်းဟာ Restart ကျသွားပြီး ပြန်တတ်လာရင် မြန်မာလို မြင်ရပါပြီး အောက်က ပုံအတိုင်းပေါ့


မြန်မာလိုတော့ မြင်ရပါပြီး ဒါပေမဲ့ စာရိုက်ဖို့  Keyboard ကတော့ HUAWEI Y220T မှာ Keyboard ချိန်းမရပါဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ Software ထည့်ပြီး Keyboard ချိန်းပေးသွားမှာပါ 
မှတ်ချက်။       ။ Android version နိမ့်သော ဖုန်းတွေမှာ Keyboard ချိန်းဖို့ အခက်အခဲ ဖြစ်နိုင်ပါသည်။ အခု ကျွန်တော်ဖုန်းလိုပေါ့ ဟဲ..... ကိုယ်ဖုန်းမကောင်းကြောင်း ကြော်ညာပါ၏။

ကဲ Keyboard ထည့်မယ် ဆိုတော့ အရင်ဆုံး Keyboard ကို Install ပြူလုပ်ရမယ်ပေါ့ အောက်က လင့်နှင့် ဆွဲပါ


Keyboard ကို Install ပြုလုပ်ပြီးဆိုရင် Settings ကို သွားပြီး Language & Keyboard ကို နှိပ်ပြီး မိမိထည့်လိုက်သော Keyboard နာမည်ကို အမှတ်ခြစ်ပေးလိုက်ပါ ဥပမာ။    ။ ကျွန်တော်  Mone Tine Keyboard ကို ထည့်ထားတဲ့ အတွက် Mone Tine Keyboard ပေါ့ ပြီးရင်
 အောက်က Keyboard Manager ကို ဒေါင်းလင့်ဆွဲပါ


Keyboard Manager ကို Install ပြုလုပ်ပြီးရင် အောက်က ပုံအတိုင်း Keyboard ချိန်းပေးရမယ် ဖြစ်ပါတယ်


ပုံတွင် ပြထားသည့် အတိုင်း Keyboard Manager Menu ကို နှိပ်လိုက်ပါ



Enable Keyboard Manager နေရာမှာ အမှတ်ခြစ်ပေးပါ ပြီးရင် Keyboard Preferneces ကို နှိပ်လိုက်ပါ


ပုံတွင် ပြထားသည့် အတိုင်း Keyboard Preferneces နေရာမှာ ၃နေရာလုံး မိမိထည့်သွင်းထားသော Keyboard ချိန်းပေးရမယ် ဖြစ်ပါတယ် အောက်ကပုံ အတိုင်းပေါ့


မိမိထည့်သွင်းထားသော Keyboard ကို ချိန်းပြီးရင် Done ကို နှိပ်လိုက်ရင် Ok ပြီးပေါ့ အောက်က ပုံအတိုင်း မြန်မာကီးဘုတ် ပေါ်လာလိမ့်ဖြစ်ပါတယ်




0 ဒေါင်းလင့်ဆွဲရာတွင် အဆင်မပြေပါက ပြောခဲ့ကြပါခင်ဗျာ:

Post a Comment