Twitter Delicious Facebook Digg Stumbleupon Favorites More

Showing posts with label ကျုံကဒတ်ရွာ. Show all posts
Showing posts with label ကျုံကဒတ်ရွာ. Show all posts

10/30/12

မိလ္လာကျင်းထဲက လက်စွပ် တစ်ကွင်းကြောင့် လူသုံးဦး၏ အသက်သေဆုံး

သံဖြူဇရပ် မြို့နယ်တွင် မိလ္လာကျင်း အတွင်း လက်စွပ်ဆင်း ဆယ်သူသုံးဦး သေဆုံးသွားခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့က မွန်ပြည် နယ်၊ သံဖြူဇရပ် မြို့နယ်၊ကျုံကဒတ် ကျေးရွာရှိ အိမ်ခြံဝင်းတစ်ခု ၌ အိမ်ရှင်ဖြစ်သူ၏ လက်စွပ်မှာ အိမ်သာသွားစဉ် မိလ္လာကျင်းထဲ ပြုတ်ကျခဲ့ရာ ထိုလက်စွပ် အား ဆင်းဆယ် သော လူလေးဦး အနက် သုံးဦးမှာ မိလ္လာကျင်း အတွင်း သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ဝ နာရီ၌ ကျုံကဒတ် ရွာနေ အိမ်ရှင်ဖြစ်သူ ဦးမျိုးမြင့်ခေါ် ဦးကွန်ဗလိုင် သည် အိမ်သာသွားစဉ် အိမ်သာ အတွင်းသို့ ရွှေလက်စွပ် တစ်ကွင်း ကျသွားခဲ့ကြောင်း ထိုလက်စွပ်အား ထိုအိမ်ရှိ အလုပ်သမား လေးဦးမှ မိလ္လာကန် အတွင်းသို့ အနံ့ပျောက် စေရန်အတွက် အက်စစ် သုံးပုလင်း လောင်းထည့်၍ တစ်ဦးပြီး တစ်ဦး ဆင်းဆယ်ရာ တွင်း အတွင်း၌ အောက်ဆီဂျင် ပြတ်တောက်၍ မေ့မျောသွားခဲ့ ကြောင်း၊ တွင်းအတွင်းသို့ ဆင်းသွား သူများ၏ အသံကို ပြန်မကြား ရ၍ အိမ်ရှင် ဖြစ်သူက သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့သဖြင့် မီးသတ် ဝန်ထမ်းများ ဆင်းဆယ်ရာ သုံးဦးမှာ အောက်ဆီဂျင် ပြတ်တောက်မှု ကြောင့် မေ့မျောသေဆုံး လျက် ရှိသည် ကိုတွေ့ရပြီး ကျန်တစ်ဦးမှာမူ ဆေးရုံ သို့ အချိန်မီ ပို့ဆောင်နိုင်မှုကြောင့် အသက် ချမ်းသာရာ ရခဲ့ကြောင်း သံဖြူ ဇရပ်မြို့နယ် မီးသတ်စခန်းမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

5/8/12

ကျုံကဒတ်




ဒီနေ့တော့ ကျွန်တော်ကလည်း အားတာနဲ့ ကျွန်တော်တို့ရဲ့ ဇာတိမြေဖြစ်တဲ့ ကျုံကဒတ်ရွာရဲ့ ဓါတ်ပုံလေးတွေကို ပြည်ပရောက် ကျုံကဒတ်သူ/သားများ အလွမ်းပြေ ကြည့်ကြရအောင်လို့ တင်ပေးလိုက်ပါတယ်ဗျာ တင်ပေးတယ်ဆို့လို့ ဒါကလည်း ကျွန်တော်သူငယ်ချင်း အောင်ရှင်းသန့် ယူခဲ့ပေးလို့ပါ သူရွာပြန်တုန်းက ကျွန်တော်က သူကို ပြောတယ် ''မင်းရွာရောက်ရင်ကွာ တို့ကျုံကဒတ် ရွာရဲ့ဓါတ်ပုံလေးတွေ ရိုက်ခဲ့ပေးပါလို့'' ပြောတော့ သူကလည် တာဝန်ကျေပွန်စွာနဲ့ ရိုက်ခဲ့ပေးရှာပါတယ် ကျွန်တော်အပါအဝင် ကိုဇာတိမြေနဲ့ ..
ဝေးကွာနေသူတိုင်းကြည့်ချင်မှာပေါ့ မဟုတ်ဘူးလား ဟီးဟီး........ ကျွန်တော်ကကြည့်ရင်ကြည့်ရင်နဲ့ ရွာပြန်ချင်စိတ်တောင် ပေါက်သွားတယ် အင့် ပြောတာပြောရတာ မပြန်နိုင်သေးပါဘူး ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ရောက်သွားမှာပါ ကဲ..လေပေးကောင်းရိုးရို ဖတ်တဲ့သူတောင် ပျင်းကုန်းပြီး ထင်ပါတယ် ဟီးဟီး.............ပျင်းမပျင်း/ပျင်းကြည့်လိုက်အုန်းနော် ဘိုင်ဘိုင်............