Twitter Delicious Facebook Digg Stumbleupon Favorites More

8/7/13

Free download DriverPack Solution 13 R320 Final Full Version


မင်္ဂလာပါဗျာ Gtalk မှာ သူငယ်ချင်း တစ်ယောက် မေးထားတာလေးပါ Windows တင်ပြီး ဘာတွေ လိုအပ်လဲ ဘာတွေ လုပ်ဆောင်ရမလဲ မေးတော့ အဓိကတော့ Driver ကိစ္စပါ Windows တင်ပြီးရင် Driver ဟာ မဖြစ်မနေ မောင်းပေးရပါတယ် အဲတော့ ကွန်ပျူတာ ဝန်ဆောင်မှု ပေးနေသော သူများအသုံးပြုလေ့ရှိတဲ့  DriverPack Solution 13 R320 Final ကို ကျွန်တော် ပြန်ရှယ်ထားပါတယ် File Size လည်း 4GB ကျော်တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်း Download ဆွဲယူထားတဲ့ ဆိုဒ်ကနေ Download လင့်ကို ချိတ်ပေးထားပါတယ်ဗျာ စိတ်ချလက်ချ ဒေါင်းယူနိုင်ပါတယ် ကျွန်တော် ကိုယ်တိုင်း စမ်းသုံးပြီးပါပြီး အသုံးပြုပုံ အနည်းငယ်ကိုလည်း အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်ဗျာ






အပေါ်က ဖိုင် ၅ခုစလုံးကို ဒေါင်းယူပါ ပြီးရင် ဖိုင်တွေ အားလုံးကို တစ်ခုတည်း ဖြစ်အောင် ပြန်ပေါင်းလိုက်ပါ ဖိုင်ပေါင်းဖို့ အခက်အခဲ ဖြစ်နေလျှင် ဒီပိုစ့်မှာ ပြန်ကြည့်လို့ရပါတယ်ဗျာ ဖိုင်တွေ ပေါင်းပြီးပါက ISO ဖိုင်လေး ထွက်လာလိမ့်မယ်ဗျာ အဲဒီ ISO ဖိုင်ကို အောက်က ပုံအတိုင်း ဖွင့်ကြည့်ကြရအောင်ဗျာ အရင်ဆုံး အောက်က ပေးထားတဲ့ ဆော့ဝဲလ်ကို ဒေါင်းလင့် ဆွဲလိုက်ပါခင်ဗျာ

ပုံတွင် ပြထားသည့် အတိုင်း File ကို mouse ဖြင့် ထောက်ပြီး Open Image File ကို နှိပ်ပြီး ISO ဖိုင်ကို အောက်က ပုံအတိုင်း ထည့်လိုက်ပါခင်ဗျာ
ISO ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်ပြီး ထည့်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ
ပုံတွင် ပြထားသည့် အတိုင်း နံပတ်(၁) နေရာကို နှိပ်လိုက်ရင် နံပတ်(၂) နေရာမျိုး ပေါ်လာလိမ့်မယ် ဒါဆိုရင် အပြင်မှာ Folder အသစ်တစ်ခု ဆောက်ပြီး  မြားထိုးပြထားသော နံပတ်(၂) နေရာမှာ ဖိုင်အားလုံးကို Select လုပ်ပြီး Folder အသစ်ထဲကို ဆွဲထည့်လိုက်ပါခင်ဗျာ ဒါဆိုရင်  DriverPack Solution 13 ဖိုင်ကို အောက်က ပုံအတိုင်း ဖွင့်လိုက်ပါဗျာ
DriverPack Solution 13 ကို အသုံးပြုဖို့ အတွက် ပုံတွင် ပြထားသည့် အတိုင်း DriverPack Solution ကို နှိပ်လိုက်ပါဗျာ
DriverPack Solution 13 ကို ဖွင့်လိုက်တာနဲ့ မိမိစက်မှာ လိုနေတဲ့ Driver တွေကို ရှာပေးမယ် ဖြစ်ပါတယ် ကျွန်တော်မှာတော့ 13 ခု ရှာပေးနေပါတယ် ပြီးရင် Install and Update ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံစံ ကွက်မျိုး ပေါ်လာလိမ့်မယ်
မှတ်ချက်။         ။ ညာဘက်ထောင့်က Device Manager ကို နှိပ်ပြီး Driver စုံမစုံ စစ်ဆေးလို့ ရပါတယ်နော်........................။
..
ပုံတွင် ပြထားသည့် အတိုင်း  Install driver နေရာမှာ အမှတ်ခြစ်လေး ပေးလိုက်ရင် နောက် ပုံစံကွက်မျိုးပေါ်လာမယ် အဲဒီ ပုံစံကွက်ထဲက Start Installtion ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း Driver တွေကို Install ရိုက်ထည့်နေလိမ့်မယ်ဗျာ
၁၀၀ရာနှုန်းပြည့်အောင် စောင့်ပေးလိုက်ပါ မိမိစက်က လိုနေတယ် Driver တွေ Install ရိုက်ထည့်နေလို့ပါ မိမိတို့ အနေနဲ့ တစ်ချက် သတိထားရမှာက Driver မစုံမချင် နှစ်ခါ သုံးခါလောက် ဒီပုံစံ အတိုင်း ပြန်ပြုလုပ်ပေးပါခင်ဗျာ Programs တွေကို Install ပြုလုပ်ချင်သေးရင် အောက်က ပုံအတိုင်း ပြုလုပ်လိုက်ပါဗျာ
ပုံတွင် ပြထားသည့် အတိုင်း Programs ကို ရွေးချယ်လိုက်ပါ ပြီးရင် Install and Update ကို နှိပ်လိုက်ပါ....................။
ဒီနေရာမှာ မိမိ Install ပြုလုပ်လိုသော Program တွေ အမှတ်ခြစ်လေး ပေးလိုက်ပါ ပြီးရင် Start Installtion နှိပ်လိုက်ပါခင်ဗျာ ဒါဆိုရင် အောက်က ပုံအတိုင်း Installtion ပြုလုပ်နေလိမ့်မယ်ခင်ဗျာ
100 ရာနှုန်းပြည့်ရင် မိမိ ကွန်ပျူတာမှာ မိမိ ထည့်လိုက်သော Software များ ရောက်သွားလိမ့်မည် အားလုံး အဆင်ပြေပါစေဗျာ

မှတ်ချက်။         ။ မိမိ ကွန်ပျူတာမှာ လိုအပ်နေတဲ့ Driver တွေကို 100 ရာနှုန်းပြည့် Install and Update ပြုလုပ်ပေးနိုင်ပါတယ်ခင်ဗျာ



0 ဒေါင်းလင့်ဆွဲရာတွင် အဆင်မပြေပါက ပြောခဲ့ကြပါခင်ဗျာ:

Post a Comment