Twitter Delicious Facebook Digg Stumbleupon Favorites More

12/23/12

Blog hack ကာကွယ်ကြရအောင် (bolgger သမားတွေအတွက်)

 

မင်္ဂလာပါဗျာ ဒီနေ့တော့ ကိုဝင်းစိုးနဲ့ ဖုန်းစကားပြောရင်

hacker အကြောင်းရောက်သွားတာ

သူညတုန်းက အင်တာနက်မှာ ရှောက်မွှေတုန်း

နတ်သားလေးဆိုဒ်က Bolg Hack အကြောင်းဖတ်ရတယ်တဲ့

သူလုပ်ကြည့်ပါတယ်တဲ့ ဘယ်လိုလုပ်ရမှန်း

ရှာလို့မတွေ့ဘူးတဲ့ အဲ့တော့ နတ်သားလေးဆိုဒ်မှာ

လေ့လာကြည့်တော့ ရပါတယ် ဒါပေမဲ့

သူပြထားတာကအစတုန်းက ပုံစံဆိုတော့

ရုတ်တရက် နားမလည်းဘူး ဒီတော့

အခုလက်ရှိ bolg ပုံစံ ဒီဇိုင်းနှင့် ကိုက်ညီအောင်

ကျွန်တော်ပုံနှင့်တကွ ရှင်းပြထားပါတယ်

နတ်သားလေးကိုလည်း ဒီနေရာ ကျေးဇူးတင်ပါတယ်ဗျာ

ပြောဖြစ်တဲ့ ကိုဝင်းစိုး(ခ)ကိုကုလားကိုလည်း ကျေးဇူးတင်ပါတယ်

အသုံးဝင်ပုံကို အနည်းကျဉ်း ပြောပါရစေဗျာ

ကျွန်တော်တို့ကိုယ်စီ ကိုယ်ပိုင် Bolg လေးတစ်ခုရှိတယ်

ဆိုပါတော့ ကျွန်တော်တို့ Bolg ရေးတယ်ဆိုထဲက

ပေးဆပ်မှုတွေ ငွေကျေးကုန်ကျမှုတွေ အများကြီးရှိကြပါတယ်

ဒီတော့ ကိုယ် Bolg လေးကို သူများ လာ ဟက်သွားရင်

အများကြီး ဝမ်းနည်းရပါတယ် Bolg ဟက်ထိတဲ့

မပြောနဲ့ ကျွန်တော် ဆိုဒ်မှာ တင်ထားသည့်

Download လင့်သေသွားတာမှာ စိတ်မကောင်းဖြစ်ပါတယ်

ထားပါတော့လေ ဒါတော့ စိတ်မကောင်းစရာတွေ

ပြောနေတယ် ဒီတော့ အခုလိုမျိုး ဝမ်းမနည်းရအောင်

ကျွန်တော်တို့ Bolg ကို hacker ရန်က ဘယ်လိုကာကွယ်မလဲ

အခုလိုမျိုး လုပ်ထားတာ အကော်းဆုံးပါပဲ

မိမိ Bolg ကို Dowload လုပ်လိုက်ပါ Bolg ပျက်စီးသွားတာမှာ

အဲဒီ HTML ဖိုင်လေးကို မိမိ bolg အသစ်ထဲ

ပြန်ထည့်လိုက်ရင် အရင်မိမိ Bolg အဟောင်း အတိုင်း

ပြန်ရလာလိမ့်မယ် Comments တွေကအစ

ပြန်ရပါတယ် ကဲကာကွယ်ချင်ရင်တော့

အောက်ကပုံအတိုင်း လိုက်လုပ်ကြည့်ပါနော်

ပထမဦးဆုံး www.blogger.com ကိုသွားပြီး

မိမိရဲ့ အကောင့်ဖြင့် Sing in ဝင်လိုက်ပါနော်

ဒီလောက်ဆိုသိပါတယ်

ပုံတွင်ပြထားသည့်အတိုင်း အပ်ါက ဝိုင်းပြထားသည့်

နေရာကို မောက်ဖြင့်ထောက်ပြီး Settings ကို

နှိပ်လိုက်ပါဗျာ

 ပုံတွင်ပြထားသည့်အတိုင်း Other ကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်းပေါ်လာလိမ့်မည်

 ပုံတွင်ပြထားသည့်အတိုင်း Export bolg ကို

နှိပ်လိုက်ပါ အောက်ကပုံကိုဆက်ကြည့်ပါ

ပုံတွင်ပြထားသည့်အတိုင်း download Bolg ကို

နှိပ်လိုက်ရင် Download လင့် တစ်ခါတည်း

တန်းကျလာလိမ့်မယ်

ပုံတွင်ပြထားသည့်အတိုင်း မိမိကြိုက်ရာ

သိမ်းလိုက်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း မျှားထိုးထားသည့်

နေရာမှာ သူရဲ့ဖိုင်လေးပါပဲ

အားလုံးအဆင်ပြေပါစေဗျာ 

0 ဒေါင်းလင့်ဆွဲရာတွင် အဆင်မပြေပါက ပြောခဲ့ကြပါခင်ဗျာ:

Post a Comment