အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ် ဒီထက်ရှင်းချင်ရင်တော့ အောက်ကပုံကိုကြည့်လိုက်ပါဗျာ.........
0 ဒေါင်းလင့်ဆွဲရာတွင် အဆင်မပြေပါက ပြောခဲ့ကြပါခင်ဗျာ:
Post a Comment