This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
9/14/14
ဓါတ်ပုံတွေကို စကားပြောမယ့် (Photo Speak) For Android
Posted by မောက်မောက်လေး on Sunday, September 14, 2014
Version :1.0
Size : 6.27MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီနေ့တော့ Android ပိုင်ရှင်တွေ အတွက် မိမိဓါတ်ပုံတွေကို အသံသွင်းပြီး စကားပြောပေးမယ် app ကို တင်ပေးလိုက်ပါတယ် အသုံးပြုပုံ နံပတ်(၁) ပုံထည့်ရန် နံပတ်(၂) အသံသွင်းရန် နံပတ်(၃) မိမိပြုလုပ်ထားသော ကောင်ကို ပြန်ကြည့်ပါ။ အဆင်ပြေပါစေ
9/10/14
MobogenieV2.1.1.9 + (app Free Download) For PC
Posted by မောက်မောက်လေး on Wednesday, September 10, 2014
Version :2.1.1.9
Size : 14.48MB
Format : rar
O/S : PC
မင်္ဂလာပါဗျာ Android ဖုန်း အသုံးပြုသူတိုင်း သိကြတဲ့ Mobogenie PC အတွက် Android app တွေကို အလွယ်တကူ ကွန်ပျူတာကနေ ဒေါင်းလင့်ဆွဲလို့ ရပါတယ် app တစ်ခုတည်း မကပါဘူး Ringtones တွေ wallpapers တွေ Youtube က Video ဖိုင်ပါ ယူလို့ ရပါတယ် အကယ်၍ မိမိဖုန်းဟာ ကွန်ပျူတာ ချိန်ဆက်ထားမယ်ဆိုရင် Mobile Go လို ဆော့ဝဲလ်တွေကို ကွန်ပျူတာမှာ နှိပ်ပြီး ထည့်သွင်းရပါတယ်ဗျာ။
9/9/14
TeamViewer 9.0.31064 + အသုံးပြုနည်း
Posted by မောက်မောက်လေး on Tuesday, September 09, 2014
Version :9.0.31064
Size : 7.6MB
Format : rar
O/S : PC
မင်္ဂလာပါဗျာ ကွန်ပျူတာ အသုံးပြုသူတွေ အတွက် အင်တာနက်လိုင်း ရှိယုံနဲ့ တခြားသူတွေရဲ့ ကွန်ပျူတာကို ဝင်ပြင်ပေးနိုင်မယ့် TeamViewer 9.0.31064 ကို တင်ပေးလိုက်ပါတယ်။ အသုံးပြုပုံကတော့ မိမိကွန်ပျူတာကို ကိုယ်သူငယ်ချင်း တစ်ယောက်ကို ဝင်ပေးပြင်ချင်တယ်ဆိုရင် မိမိရဲ့ ID ရယ် Password ကို ပေးလိုက် ယုံပါပဲ ကဲအောက်မှာ အသုံးပြုနည်း အနည်းငယ်ကို ပုံနှင့် တကွ ရှင်းပြထားပါတယ်
ပုံတွင် ပြထားသည့် အတိုင်း မိမိ ဝင်ပြင်ပေးချင်သော ကိုယ် သူငယ်ချင်းရဲ့ ID နံပတ်ကို တောင်းပြီး နံပတ်(၁) မြားပြထားသော နေရာမှာ ထည့်ပေးရမယ် ဖြစ်ပါတယ်။ မှတ်ချက်။ ။ကိုယ်က မေးလိုက်၍ ID နံပတ် ဘယ်နေရာလဲဆိုရင် ပုံရဲ့ ဘယ်ဘက်ခြမ်းက Your ID သည် မိမိရဲ့ ID နံပတ်ပဲ ဖြစ်သည် Password က အောက်က ဟာပဲပေါ့။ မှတ်ချက်။ ။ ဆော့ဝဲလ် အဖြုတ် အသွင်းလုပ်တိုင်း ID နံပတ် ပြောင်းလဲနိုင်သည် Password နံပတ်က အချိန်အခါ မရွေးပြောင်းလဲနိုင်ပါသည်
ID နံပတ် ထည့်ပြီးသွားရင် နံပတ်(၂) ပြထားသော Conncet to partner ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း Password တောင်းနေလိမ့်မည်
ပုံတွင် ပြထားသည့် အတိုင်း Password ဖြည့်ပြီးရင် Log On ကို နှိပ်လိုက်ရင် စက္ကန့်အနည်းငယ် ကြာရင် မိမိဝင်ပြင်ပေးချင်သော တဖက် ကွန်ပျူတာဆီသို့ ရောက်ရှိသွားမယ် ဖြစ်ပါတယ် အောက်က ပုံအတိုင်းပေါ့
ဒီနေရာရောက်ရင် မိမိ ပြင်ပေးချင်တာ ပြင်ပေးလို့ ရပါပြီး မိမိ ကွန်ပျူတာက Data တွေကို တဖက် ကွန်ပျူတာဆီသို့လည်း Copy and Paste အသုံးပြုပြီး လုပ်ဆောင်လို့ရပါ၏။
မှတ်ချက်။ ။ ကွန်ပျူတာ နှစ်ဖက်စလုံးမှာ TeamViewer Software ရှိရန် လိုအပ်သည် အင်တာနက်လိုင်းလည်း ရှိရမည်။ TeamViewer Version တူရင် ပို၍ အဆင်ပြေ၏။
HUAWEI Y220T Root ပြုလုပ်ခြင်းနှင့် မြန်မာစာထည့်နည်း
Posted by မောက်မောက်လေး on Tuesday, September 09, 2014
Version :1.7.8
Size : 11.23MB
Format : Apk (or) rar
O/S : Android / PC
မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော် လက်ရှိသုံးနေတဲ့ HUAWEI Y220T Root ပြုလုပ်ခြင်းနှင့် မြန်မာစာထည့်နည်းကို တင်ပြပေးသွားမယ် ဖြစ်ပါတယ် အရင်ဆုံး မိမိဖုန်းကို Root လုပ်ရမယ် ဖြစ်ပါတယ် ကျွန်တော်က PC နဲ့ Root ခြင်းကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်။ အရင်ဆုံး မိမိအနေနဲ့ Settings ကို သွားပြီး Applications>Develoment>USB debugging နေရာကို အမှတ်ခြစ်ပေးပါ။
ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး ဒီနေရာမှာ အရေးကြီးတာက မိမိဖုန်းနှင့် ကွန်ပျူတာ Driver နားလည်းပြီး ဖြစ်ရမယ် ဒါဆိုရင် အပေါ်က ပုံတွင် ပြထားသည့်အတိုင်း မိမိဖုန်းဟာ ကွန်ပျူတာနှင့် USB ချိတိဆက်နေလိမ့်မယ် ဒီနေရာမှာ အချိန်အနည်းငယ် စောင့်ဆိုင်းပေးပါ၊ စိတ်မလော့ပါနှင့် ၁၀မိနစ်၊၁၅မိနစ်ပေါ့။ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်
ဒီအဆင့်မှာ မိမိဖုန်း Model number နှင့် connected ဖြစ်ပြီးရင် Root ကို လိုက်ပါ ဒါဆိုရင် အောက်ကပုံအတိုင်း Root လုပ်နေလိမ့်မည်
ခဏလေးစောင့်ပါ အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ်
ဒီအဆင့်မှာ အမှတ်ခြစ်လေး တတ်လာပြီးရင် မိမိဖုန်းဟာ Restart ကျသွားပြီး ပြန်တတ်လာရင် Root ရပါပြီး Root ရပြီး တပြိုင်နက် မိမိဖုန်းမှာ Kinguser(or) Superuser ဆိုပြီး Icon လေး တစ်ခု တိုးနေလိမ့်မည် ကဲ Root ရပြီးဆိုတော့ မြန်မာစာ ထည့်ရအောင် အရင်ဆုံး အောက်က လင့်နှင့် Monetine.ZawgyiChanger ကို ဒေါင်းလင့်ဆွဲပါ
ပြီးရင် မိမိဖုန်းမှာ Install ပြုလုပ်လိုက်ပါ
ပုံတွင် ပြထားသည့် အတိုင်း ဇော်ဂျီဖောင့် ပြောင်းမယ် နေရာကို နှိပ်လိုက်ပါ ဒါဆိုရင် မိမိဖုန်းဟာ Restart ကျသွားပြီး ပြန်တတ်လာရင် မြန်မာလို မြင်ရပါပြီး အောက်က ပုံအတိုင်းပေါ့
မြန်မာလိုတော့ မြင်ရပါပြီး ဒါပေမဲ့ စာရိုက်ဖို့ Keyboard ကတော့ HUAWEI Y220T မှာ Keyboard ချိန်းမရပါဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ Software ထည့်ပြီး Keyboard ချိန်းပေးသွားမှာပါ
မှတ်ချက်။ ။ Android version နိမ့်သော ဖုန်းတွေမှာ Keyboard ချိန်းဖို့ အခက်အခဲ ဖြစ်နိုင်ပါသည်။ အခု ကျွန်တော်ဖုန်းလိုပေါ့ ဟဲ..... ကိုယ်ဖုန်းမကောင်းကြောင်း ကြော်ညာပါ၏။
ကဲ Keyboard ထည့်မယ် ဆိုတော့ အရင်ဆုံး Keyboard ကို Install ပြူလုပ်ရမယ်ပေါ့ အောက်က လင့်နှင့် ဆွဲပါ
Keyboard ကို Install ပြုလုပ်ပြီးဆိုရင် Settings ကို သွားပြီး Language & Keyboard ကို နှိပ်ပြီး မိမိထည့်လိုက်သော Keyboard နာမည်ကို အမှတ်ခြစ်ပေးလိုက်ပါ ဥပမာ။ ။ ကျွန်တော် Mone Tine Keyboard ကို ထည့်ထားတဲ့ အတွက် Mone Tine Keyboard ပေါ့ ပြီးရင်
အောက်က Keyboard Manager ကို ဒေါင်းလင့်ဆွဲပါ
Keyboard Manager ကို Install ပြုလုပ်ပြီးရင် အောက်က ပုံအတိုင်း Keyboard ချိန်းပေးရမယ် ဖြစ်ပါတယ်
ပုံတွင် ပြထားသည့် အတိုင်း Keyboard Manager Menu ကို နှိပ်လိုက်ပါ
Enable Keyboard Manager နေရာမှာ အမှတ်ခြစ်ပေးပါ ပြီးရင် Keyboard Preferneces ကို နှိပ်လိုက်ပါ
ပုံတွင် ပြထားသည့် အတိုင်း Keyboard Preferneces နေရာမှာ ၃နေရာလုံး မိမိထည့်သွင်းထားသော Keyboard ချိန်းပေးရမယ် ဖြစ်ပါတယ် အောက်ကပုံ အတိုင်းပေါ့
မိမိထည့်သွင်းထားသော Keyboard ကို ချိန်းပြီးရင် Done ကို နှိပ်လိုက်ရင် Ok ပြီးပေါ့ အောက်က ပုံအတိုင်း မြန်မာကီးဘုတ် ပေါ်လာလိမ့်ဖြစ်ပါတယ်
Shweyoe Dictionary V 3.0 + Microsoft NetFramework 4 x86 x64
Posted by မောက်မောက်လေး on Tuesday, September 09, 2014
Version :3.0
Size : 59.4MB
Format : rar
O/S : PC
မင်္ဂလာပါဗျာ Dictionary အသုံးပြုသူများအတွက် Shweyoe Dictionary V 3.0 ကို တင်ပေးလိုက်ပါတယ် Shweyoe Dictionary ဟာ Microsoft NetFramework 4 ကို အခြေခံပြီး ရေးသားထားသောကြောင့် Microsoft NetFramework 4 ကိုပါ Installer ပြုလုပ်ရမယ် ဖြစ်ပါတယ် ကျွန်တော် rar အထုတ်ထဲမှာ တစ်ခါတည်း ပူးတွဲထည့်ထားပါတယ်ဗျာ
9/8/14
Root ရှိ / မရှိ စစ်စေးခြင်း APK
Posted by မောက်မောက်လေး on Monday, September 08, 2014
Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ မိမိဖုန်းမှာ Root ရှိ / မရှိ စစ်စေးခြင်းရင် ဒီ APK ကို အသုံးပြုလိုက်ပါ Root စစ်မယ်ဆိုရင် Root စစ်မယ် ဆိုတာကို နှိပ်လိုက်ပါ။ ဒါအပြင် Busy Box ကိုပါ စစ်ဆေးလို့ ရပါတယ်ခင်ဗျာ။
9/4/14
FormatFactory 3.3.3.0 + ( MP4 ကနေ MP3 Format ပြောင်းနည်း)
Posted by မောက်မောက်လေး on Thursday, September 04, 2014
Version : 3.3.3.0
Size :52.13MB
Format : rar
O/S : PC
ကွန်ပျူတာ အသုံးပြုသူတိုင်း ရင်းနှီးပြီးသာ ဖြစ်တဲ့ FormatFactory 3.3.3.0 ကို တင်ပေးလိုက်ပါတယ် ယခုထွက်သော Version တွေဟာ Format ပြောင်းတဲ့အခါ မြန်မာလို နားလည်းလာပါပြီး MP3/ MP4 တွေကို Format ပြောင်းတဲ့ နေရာမှာဆို ယခုလက်ရှိ နံပတ်(၁) စွဲနေတုန်းပဲ အခုမှ ကွန်ပျူတာ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်၊ ကျွန်တော် အသုံးပြုပုံ အနည်းငယ်ကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်။
ပုံတွင် ပြထားသည့် အတိုင်း မိမိပြောင်းချင်သော Format ကို ရွေးချယ်ပေးပါ ဥပမာ၊ ၊Video ဆို Video ပေါ့ ကျွန်တော်က MP3 Format ကို ပြောင်းမယ် ဖြစ်သည့် အတွက် နံပတ်(၁) ပြထားသော နေရာက Audio ကို ရွေးချယ်ထားပါတယ် ပြီးရင် MP3 Format ကို ပြောင်းမယ် ဖြစ်တဲ့ အတွက် MP3 ဆိုတဲ့ Icon လေးကို Click နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်
နံပတ်(၃) ပြထားသော နေရာမှာ မိမိထားချင်သော နေရာကို လမ်းကြောင်းပေးလိုက်ပါ ပြီးရင် နံပတ်(၄) နေရာက Add File ကို နှိပ်ပြီး မိမိ ပြောင်းချင်သော Format ကို ရွေးချယ်လိုက်ပါ အောက်က ပုံအတိုင်းပေါ့
မိမိပြောင်းချင်သော Format များ ရွေးချယ်ပြီးရင် Open ကို နှိပ်လိုက်ပါ အောက်က ပုံကို ဆက်ကြည့်ပါ
ပုံတွင် ပြထားသည့်အတိုင်း နံပတ်(၆) ကို နှိပ်ပြီး မိမိပြောင်းထားသော MP3 ရဲ့ အရည်အသွေး ကို နံပတ်(၇) ပြထားသော နေရာမှာ ချိန်းလို့ရပါတယ် မိမိစိတ် ချိန်းပြီးရင် Ok ကို နှိပ်လိုက်ပါ။ အောက်က ပုံကို ဆက်ကြည့်ပါ
ပုံတွင် ပြထားသည့် အတိုင်း Ok ကို ဆက်နှိပ်သွားပါ
နံပတ်(၁၀) တွင် ပြထားသည့် အတိုင်း Click to Start နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ရာနှုန်းပြေးနေမယ် ဖြစ်ပါတယ်
ပုံတွင် ပြထားသည့် အတိုင်း ၁၀၀ရာနှုန်းပြည့်ရင် ပြီးသွားပြီး ဆိုတဲ့ အကြောင်း အသံလေး ထွက်လာရင် Ok ပြီးပေါ့။ မိမိပြောင်းထားသော MP3 ဖိုင်ကို မိမိပေးထားသော လမ်းကြောင်းတွင် ပြန်ကြည့်လိုက်ပါ
မှတ်ချက်။ ။ Rom device /DVD/CD/ISO ကို နှိပ်ပြီးတော့ CD/DVD ကနေ ISO ဖိုင် အဖြစ်လည်း ပြောင်းလဲလို့ရပါတယ်ခင်ဗျာ
Google Chrome 37.0.2062.103 + (မြန်မာလိုမြင်အောင် ပြုလုပ်နည်း)
Posted by မောက်မောက်လေး on Thursday, September 04, 2014
Version :37.0.2062.103
Size : 38.50MB
Format : rar
O/S : Pc
မင်္ဂလာပါဗျာ ကျွန်တော်သုံးနေကျ အကြိုက်ဆုံး browser လေးတစ်ခု တင်ပေးလိုက်ပါတယ် ကျွန်တော် လက်ရှိ အသုံးပြုနေတဲ့ browser လေးပါ၊ တချို့ အင်တာနက် သုံးခါစ User တွေက Google Chrome ကို အသုံးပြုချင်ပေမဲ့ မြန်မာလို မမြင်ရဘူးဆိုပြီး မသုံးဖြစ်ကျဘူး အခုတော့ အင်တာနက်သုံးစ User တွေ အတွက် အဆင်ပြေစေရန် မြန်မာလို ပြောင်းနည်းကို အောက်မှာ ပုံနှင့်တကွ အနည်းငယ် ရှင်းပြထားပါတယ်၊ Offline Installer ဖြစ်တဲ့အတွက် Click တစ်ချက် တောက်လိုက်ယုံနဲ့ အသုံးပြုနိုင်မယ်ဖြစ်ပါသည်။
ပုံတွင်ပြထားသည်အတိုင်း နံပတ်(၁) နေရာက အတန်းသုံးကြောင်းကို နှိပ်လိုက်ပါ ပြီးတော့ နံပတ်(၂) ပြထားသော Settings ကို Click လိုက်ပါ ပြီးရင် အောက်က ပုံ ဆက်ကြည့်ပေးပါ
မောစ့်(စ်) လေးနဲ့ အနည်းငယ် အောက်သို့ ဆွဲချပြီး ပုံတွင် ပြထားသည့်အတိုင်း နံပတ်(၃) ပြထားသည့် နေရာက Show advanced settings.. ကို Click လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်
နံပတ်(၄) ပြထားသော နေရာကို Click လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း မြင်တွေ့ရမယ် ဖြစ်ပါတယ်
ပုံတွင်ပြထားသည့် အတိုင်း နံပတ်(၅) ပြထားသော နေရာအားလုံးကို Zawgyi_One ချိန်းလိုက်ပါ ပြီးရင် Done ကို နှိပ်လိုက်ရင် မြန်မာလို မြင်ရပါပြီးခင်ဗျာ
Windows Doctor 2.7.6.0 + Keygen Full Version Free Download
Posted by မောက်မောက်လေး on Thursday, September 04, 2014
Version :2.7.6.0
Size : 7.25MB
Format : rar
O/S : Pc
မင်္ဂလာပါဗျာ မိမိ ကွန်ပျူတာမှာ မလိုလာအပ်တဲ့ Error များ Box များ တတ်နေပါက ဖြေရှင်းပေးမယ် Windows Doctor 2.7.6.0 ကို တင်လိုက်ပါတယ် Windows Error တစ်ခု တင်မကပါဘူး မိမိကွန်ပျူတာ လေးနေခြင်း အမှိုက်တွေ များနေရင်လည်း ဖြေရှင်းနိုင်ပါတယ်။ ပြီးတော့ Disk Tools တွေ၊ File Tools တွေ၊ Sysemt Tools တွေကိုလည်း Full Scan ပြုလုပ်နိုင်ပါတယ် အသုံးပြုပုံ အနည်းငယ်ကို ပုံနှင့် တကွ ရှင်းပြထားပါတယ်၊ Software ကို Full Version ဖြစ်ဖို့ အတွက် Keygen ကို အသုံးပြုရမယ် ဖြစ်ပါတယ်။
နံပတ် အစဉ်လိုက် နှိပ်ပြီး Full Scan လုပ်နိုင်ပါသည်
VLC media player 2.2.0 Free Download
Posted by မောက်မောက်လေး on Thursday, September 04, 2014
Version :2.2.0
Size : 25.96MB
Format : rar
O/S : all Windows
မင်္ဂလာပါဗျာ မြန်မာပြည်မှာ အသုံးများတဲ့ VLC media player ကို တင်ပေးလိုက်ပါတယ် ဒီ VLC media player ဟာ တခြား Player ထက် စရင် အသံပိုကျယ်တာ တွေ့ရပါတယ် Format အားလုံးကို နီးပါး Support လုပ်ပါတယ်ခင်ဗျာ။